Chapter22(Unicode+Zawgyi)

181 5 6
                                    

'သွားပြီ....တကယ်ကိုသွားပြီ....

ကျွန်တော့်ရဲ့ဘဝထဲကနေကျွန်တော်သိပ်မြတ်နိုးရတဲ့ဝေးထွက်သွားပြီ....

ကျွန်တော်လိုက်ရှာကြည့်တယ်....သူ့ကိုဘယ်မှာမှရှာမတွေ့တော့ဘူး....

မှန်တယ်...ကမ္ဘာကြီးကတကယ်ကိုကျဉ်းကျဉ်းလေးဘဲ.....ဒါပေမဲ့ဗျာ....ကျွန်တော့်ကလေးကိုတော့ရှာလို့မရခဲ့ဘူး...

အပုန်းကောင်းလိုက်တာမောင့်ကလေးလေး....

တရက်တိတိရှိပြီ.......

ဝေး....တရက်ကလေးဘဲမင်းမောင့်အနားမှာမရှိတာ...မောင့်ရဲ့ကမ္ဘာကြီးကတော့ဖရိုဖရဲဖြစ်နေပြီကလေးရယ်.....

မင်းမရှိတဲ့နောက်တော့မောင်အိမ်မပြန်ဖြစ်တော့ဘူး....

မောင့်အနားမှာခုတော့မင်းအစားအရက်တွေကအဖော်တွေဖြစ်နေပြီဝေးလေးရဲ့.....အင့်'

တစ်ယောက်တည်းစကားတွေပြောလိုက်....အရက်တွေတခွက်ပြီးတခွက်သောက်လိုက်နဲ့...အသဲတွေကွဲနေတဲ့မောင်ဆိုတဲ့လူသားလေးကိုအဲ့နေ့ကမင်းသာ sky barလေးကိုသွားခဲ့ရင်သေချာပေါက်တွေ့ရမှာပေါ့.. .

'မောင်....အဟင့်....'

မောင်လို့ခေါ်သံကြားလိုက်တာကြောင့်စားပွဲပေါ်မှောက်အိပ်နေတဲ့ကျွန်တော်အသံလာရာဘက်ကိုစောင်းငဲ့ကြည့်မိသည်....

'ဝေး....ဝေးလေးလား....?'.

'မောင်လို့......ဆိုကွာ...အဟက်ဟက်....'

အဝေးကနေကြည့်တော့အဝေးနဲ့တူသလိုပင်...ထိုကောင်လေးကခြေသလုံးသွယ်သွယ်လေးတွေနဲ့ကျွန်တော်ရှိရာစီတလှမ်းချင်းလျှောက်လာတော့သည်...

အရမ်းကိုလျှင်တဲ့အနှီကောင်လေးကချက်ချင်းဆိုသလိုပင် ကျွန်တော်ပေါင်ပေါ်ခွထိုင်ပြီးကျွန်တော့်လည်ပင်းတလျှောက်သူ့လက်တွေနဲ့ဆော့ကစားလာတော့သည်....

နောက်တော့...ကျွန်တော့်နှုတ်ခမ်းတွေကိုအငမ်းမရနမ်းရှုံ့တော့သည်....

'ဖယ်...ဖယ်စမ်း....လွှတ်....မင်း....မင်းကအဝေးမဟုတ်ဘူး....'

ကျွန်တော်အားနဲ့တွန်းထုတ်လိုက်တော့ကြမ်းပေါ်ကိုဖင်ထိုင်ရက်ပြုတ်ကျသွားတဲ့ထိုကောင်လေးဟာအပြုံးတချက်မပျက်ဘဲ သူ့အဝတ်တို့အားဖုတ်ဖတ်ခါကာကျွန်တော်ဘေးဝင်ထိုင်ပြန်တော့သည်....

Love  or hateWhere stories live. Discover now