ရှန့်ယွီချောင်က မနာလိုဖြစ်စွာ သက်ပြင်းချလိုက်သည်။
“မေ့လိုက်တော့ ၊ ငါမနာကျင်တော့ဘူး၊ စိတ်လည်းမဆိုးတော့ဘူး၊ ဒီအသက်အရွယ်မှာ ဘယ်သူ့ဦးနှောက်က နည်းနည်းစိမ်းမနေလို့လဲ?”
“ဒီဥပမာက ဘာကြီးတုန်း?” လင်ကျွင်းဖုန်က ရှန့်ယွီချောင်၏ပုခုံးကို တစ်ချက်ရိုက်လိုက်သည်။
“ဒီလိုမျိုး ဘာသာစကားစွမ်းရည်နဲ့ မင်းဘယ်လိုလုပ် ကျင်းသာ့ကိုရောက်လာတာလဲ?”
“ငါ့အစွမ်းအစနဲ့ငါပေါ့၊ ကျစ်! ငါ့သိပ္ပံအမှတ်က 293မှတ်နော်၊ ဟုတ်ပြီလား?”
“ချီး ၂၉၃မှတ်က ဘာကောင်းလို့လဲ၊ဒီဖေဖေက ၂၉၀ရတာကွ၊ ငါက ရူပmultiple choiceမေးခွန်းကို သိပ်သတိမမူမိပဲဖြစ်သွားရုံလေး...”
ချန်ကျောင်းက မျက်လုံးလှိမ့်လိုက်ကာဖြင့် ",မင်းတို့ငတုံးနှစ်ကောင်အခုထိ အထက်တန်းအမှတ်တွေ ယှဥ်နေကြတုန်းလား၊ လူကြီးလူကောင်းတစ်ယောက်ဆိုတာ ဘယ်တော့မှ အရင်ကအကြွေးတွေအကြောင်းမပြောဘူး နားလည်လား၊ မင်းတို့ကိုယ်မင်းတို့အရမ်းတော်တယ်ထင်နေရင် ဒီစာသင်နှစ်မှာ ဌာနကထိပ်ဆုံးသုံးယောက်နေရာယူရင်ရော ဘယ်လိုလဲ"
“ဒါက….” ရှန့်ယွီချောင်က ချောင်းဟန့်၏။
“ငါတော့ GPAsတွေက အရေးမကြီးဘူးလို့ထင်တယ်၊ အသိပညာဆည်းပူးတာကသာ အရေးကြီးတဲ့အရာပဲ...”
“အမ်း… ဒီဖေဖေလည်း အဲလိုပဲတွေးတယ်” လင်ကျွင်းဖုန်က နောက်မှသံယောင်လိုက်သည်။
ချန်ကျောင်း : “ဖွီး၊ မင်းတို့ကောင်တွေ အရှက်မရှိချက်...”
“အိုး... စကားမပြောနဲ့တော့၊ ထုတ်လွှင့်မှုစနေပြီ ...” ရှန့်ယွီချောင်က ဖန်သားပြင်ထက်ရှိhostမှ နောက်တစ်ဆင့်တက်မည့်ဂိမ်းစာရင်းကို ကြေငြာနေသည်ကိုတွေ့ပြီး မော့တိဘေးကို အမြန်ပြေးထိုင်လိုက်သည်။
“ရှောင်တိ သေချာပေါက် အောင်လိမ့်မယ်လို့ငါထင်တယ်!”
ချန်ကျောင်းနှင့်လင်ကျွင်းဖုန့်သည်လည်း လာကြည့်ကြ၏။ စွမ်းစွမ်းက မော့တိ၏လက်ထဲမှနေ၍ နူးညံ့သည့်အသံတစ်ခုပြုလိုက်သည်။
![](https://img.wattpad.com/cover/340754348-288-k851077.jpg)
Part-72
Start from the beginning