26

1.6K 136 0
                                    

အခန်း ၂၆- တဲသို့ ပြန်သွားရန်

ယင်းဇီသည်  လင်းယွဲ့လန် ကို စိုက်ကြည့်ပြီး ဂူဆန်းနင်း နှင့်အတူ ထွက်ခွာသွားခဲ့သည်။

လင်းစစ်နိုင် သာ အခင်းဖြစ်ပွားရာနေရာတွင် ကျန်ရစ်ခဲ့သည်။ လင်းစစ်နိုင် သည် အားလုံးက ထွက်သွားပြီး သူ့ကို သတိမထားမိသောကြောင့် စိုးရိမ်နေခဲ့သည်။

“ဟေး မသွားနဲ့ဦး ငါ့ကိုလည်းခေါ်သွားပါ”

လို့ ရွာသားတွေကို အော်ပြောလိုက်တယ်။

ဒါပေမယ့် ရွာသူရွာသားတွေက ပိုမြန်တယ်။ လင်းသ၀ေသည် လင်းစစ်နိုင်ကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်သည်။ အဲဒီလူဟာ သူ့မိသားစုအတွက် အလွန်အကြင်နာကင်းမဲ့သူဖြစ်တဲ့အတွက် သူရထားတဲ့အရာနဲ့ ထိုက်တန်ပါတယ်။

လင်းသ၀ေသည် လင်းယုလန်ဘက်ကို လှည့်လိုက်ပြီးကောင်မလေး မျက်လုံးတွေ ညိုးနှော်နေတာကိုမြင်လိုက်ရတာကြောင့်

"လန်​အာ၊ မင်းတကယ်​ ငရဲဘုံကိုသွားတာလား" လို့ စိတ်​ဝင်​တစားနဲ့​မေးတယ်​။

လင်းယွဲ့လန် က တည်ငြိမ်စွာ ပြုံးပြီး

"ဟုတ်ပါတယ် ဦးလေး သ၀ေ။  မဟုတ်ရင်နတ်ဘုရားရဲ့ ခွန်အား ဘယ်မှာ ရနိုင်မလဲ"

လို့ ပြန်ဖြေတယ်။ လင်းသ၀ေက မေးခွန်းမမေးတော့ဘူး။ သူက ခေါင်းညိတ်ကာ၊

"ကောင်းတယ်။ နတ်ဘုရားရဲ့ ခွန်အားနဲ့၊ မင်း အနာဂတ်မှာ အနိုင်ကျင့်ခံရမှာ မဟုတ်ဘူး။"

သူသည် လင်းစစ်နိုင် ဆီသို့ လျှောက်သွားကာ သူ့ပခုံးပေါ်တင်ကာ ထမ်းပြီးခေါ်သွားခဲ့သည်။

လင်းစစ်နိုင်သည် လင်းသ၀ေ၏ လုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး

"လင်းသ၀ေမင်းဘာလုပ်နေတာလဲ"

ဟု ချက်ချင်းအော်လိုက်သည်။

သူ့ကို အဖြေပေးတဲ့ တစ်ခုတည်းသောအရာက လင်းသ၀ေရဲ့ ခြေလှမ်းတွေပါပဲ။

လင်းယွဲ့လန်သည် လင်းသ၀ေ၏ ပျောက်ကွယ်သွားသော ရုပ်ပုံလွှာကို ကြည့်ကာ သူမ၏ မျက်လုံးများ တောက်ပလာသည်။ လင်းသ၀ေ သူမကို လုံးဝယုံကြည်ပုံမပေါ်ပါ။ ဒါပေမယ့် သူ့ဆီက ဘ်အန္တရာယ်မှ မခံစားရဘူး။

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်Where stories live. Discover now