chapter- 2 သစ္စာဖောက်ခံရခြင်း နှင့် ကိုယ့်ကိုကိုယ် ဖောက်ခွဲခြင်း

2.8K 196 6
                                    

Chapter-2  သစ္စာဖောက်ခြင်း    နှင့်  ကိုယ့်ကိုကိုယ် ဖောက်ခွဲခြင်း

"အကိုယွမ်    ရှင်းလန်အသံနားထောင်ရတာအရမ်းနာကျင်နေတဲ့ပုံဘဲ သူအဆင်ရောပြေပါ့မလား" ဆိုပြီးကလူမြှူစွယ်နေတဲ့အသံနဲ့မေးလိုက်သည်။  သူမနှလုံးသားထဲမှာတော့ သူမဟာ    အရမ်းကိုဂုဏ်ယူ   စိတ်လှုပ်ရှားပြီး ၀မ်းသာနေခဲ့သည် ။

သူမ အတွေးထဲမှာတော့
' ဟမ့်  လင်းရှင်းလန် နောက်ဆုံးတော့နင့်ရဲ့ မရှိဆင်းရဲသားကို   ပေးကမ်းသလိုပေးတာကိုယူရတဲ့ဘ၀မှာ    ငါနေစရာမလိုတော့ဘူး အခုငါနင့်ရဲ့အကိုယွမ်ကို   ဂရုစိုက်လိုက်ပါ့မယ်  နင်ကတော့   အပိုင်းပိုင်းဖြတ်ခံရသလိုမျိုး    နာကျင်နေတဲ့ဘ၀မှာဘဲ     နေလိုက်တော့     အဲဒါကနင်ငါ့ကိုစောင့်ရှောက်ခဲ့တဲ့ 5 နှစ်တာအတွက်    ကျေးဇူးဆပ်တာဘဲ'

အကိုယွမ်လို့ခေါ်တဲ့သူကတော့   ရက်စက်ပြီးအကြင်နာ ကင်းမဲ့စွာ ပြောခဲ့တယ်  " သူမသာသူမရဲ့နေရာလွတ်ကို  နာခံမှုရှိရှိ    ထုတ်ပေးခဲ့ရင်    အဲ့လောက်ခံစားရမှာမဟုတ်ဘူး သူမရဲ့ နေရာလွတ်ကို ငါတို့စီကနေ ဖုံးကွယ်ခဲ့တဲ့ သူမရဲ့အမှားဘဲ  ရည်းစားနဲ့ သူငယ်ချင်းကို တောင်ဖုံးကွယ်ဖို့စဥ်းစားရဲတယ် သူက ငါတို့ကိုလိမ်ပြီး မစ်ရှင်ကရတဲ့အစားအစာတွေလို့ပြောခဲ့တယ်လေ တကယ့်အမှန်က  သူမရဲ့နေရာလွတ်ထဲကဘဲ   သူက ကိုယ်တို့ကိုအရူးတွေလို့ထင်နေတာလား  သူမရဲ့လှို့ဝှက်ချက်ကိုရှာဖို့သာမဟုတ်ရင် ကိုယ်သူနဲ့5 နှစ်လောက်နေနိုင်လိမ့်မယ်လို့   မင်းထင်နေတာလား"

ကောင်မလေးကပြောခဲ့တယ်"အကိုယွမ်   အကို့ကိုစောင့်နေဖို့မေးခဲ့တာ အာ့တာကြောင့်လားညီမ အကို့ကိုစောင့်နေရတာ  6 နှစ်တောင်ရှိနေပြီ"

အကိုယွမ်က သူမရဲ့သေးသွယ်တဲ့ခန္ဓာကိုယ်ကို လက်မောင်းထဲ ထည့်လိုက်ပြီး  (t.nဖက်လိုက်တာကိုပြောတာပါ) မလုံမလဲဖြစ်စွာပြောလိုက်တယ် " ရင်အာ  ကိုယ်တောင်းပန်ပါတယ် ကိုယ်သူမနဲ့ လွန်ခဲ့တဲ့6နှစ်ထဲကဖြတ်ချင်ခဲ့တာ  ဒါပေမယ့်  ဘယ်သူထင်မှာလဲကမ္ဘာပျက်ကပ်ဖြစ်လာလိမ့်မယ်လို့  ပြီးတော့ကိုယ်တို့ကစွမ်းအင်  မနိုးထခဲ့တော့  သူမရဲ့အကာအကွယ်ကိုလိုအပ်ခဲ့တယ်လေ မင်းလည်းသိတာဘဲ  လင်းရှင်းလန်ရဲ့အကာအကွယ်သာမရှိခဲ့ရင်ကိုယ်တို့အစထဲကသေနေလောက်ပြီလေ မင်း  ကိုယ့်ရဲ့    အခက်အခဲကိုနားလည်ပေးပါကွာ "

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်Where stories live. Discover now