Chapter-7 မိသားစုနှင့်ခွဲခွာခြင်း

1.7K 157 0
                                    


အခန်း ၇- မိသားစုနှင့် ခွဲခွာခြင်း။

"ရွာလူကြီးဘိုးဘိုး၊ ရွာလူကြီးဘိုးဘိုး၊ သမီးကို ကယ်ပါ။" လင်းရိ၀ေ က သူ့ဘောင်းဘီကို လိပ်ထားပြီး ပေါက်ပြားကို ကိုင်ထားသည်မို့ အခုမှ လယ်ကွင်းကနေ ပြန်လာသည်နေပုံပေါ်သည်။သို့သော်အပြန်လမ်းတွင် လင်းယွဲ့လန်က သူ့ကို တားလိုက်သည်။

လင်းရိ၀ေ က အသက် 60 လောက်ရှိပြီ။ သူ့အသားအရေက မည်းမှောင်နေပြီး မျက်နှာကနီရဲနေပြီး သူ၏စိတ်နေစိတ်ထားမှာကောင်းပုံပေါ်သည်။

သူဟာငယ်ငယ်က စာအုပ်တွေဖတ်ဖူးတာမို့ ရွာသူကြီးလုပ်ခိုင်းဖို့ ရွာသားတွေက သူ့ကို အကြံပြုခဲ့ကြသည်။

လင်းရိ၀ေ သည် လင်းလောင်စန်း ၏ မြေးမလေး သူ့ရှေ့တွင် ဒူးထောက်နေသည်ကို တွေ့လိုက်ရသောအခါတွင် သူ့မျက်နှာပေါ်ရှိ ထိတ်လန့်ကြောက်ရွံ့မှုကိုလည်း သတိပြုမိသည်။ နောက်တော့ ဒီကလေးနဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို တွေးကြည့်တယ်။ တစ်ခုခုဖြစ်မယ်ဆိုတာကို သူချက်ချင်းသဘောပေါက်သွားတယ်။

သူသည် ပေါက်ပြားကို ချလိုက်ပြီး ငုံ့ကာ လင်းယွဲ့လန်ကို  "ရှောင်းလန်၊ ဘာဖြစ်တာလဲ၊ မင်းအရင်ထပြီးပြောလေ" လို့မေးလိုက်သည်။

ထိုအချိန်တွင် လင်းယွဲ့လန် ၏ စိတ်ထဲမှာ သူမ၏ အဖိုးပြောခဲ့သည့် စကားများဖြင့် ပြည့်နှက်နေသည်။သူတို့က သူမကို ရေကန်ထဲ တွန်းချပြီး သတ်ပစ်ချင်နေသည်။

လင်းယွဲ့လန်က မထပေ။ "အကြီးအကဲ၊ အကြီးအကဲ၊ ကယ်ပါဦး၊ အဘိုးက သမီးကို ရေနစ်အောင် ရေကန်ထဲ တွန်းချခိုင်းနေတယ်။ အကြီးအကဲ သမီး မသေချင်ဘူး။ မသေချင်ဘူး အကြီးအကဲ ကျေးဇူးပြုပြီး၊ သမီးကိုကယ်ပါ!"

လင်းရိ၀ေ အံ့အားသင့်သွားပြီး "ရှောင်းလန် ၊ ထပါ။ မင်းအဘိုးကဘာလို့ မင်းကို ရေကန်ထဲမှာရေနစ်စေချင်တာလဲ"

လင်းစန်းနိုင် သည် သူ့အဖေပြောသည်ကို ကြားသောအခါ သူ့ပါးစပ်ထောင့်များ လှုပ်သွားသည် ။ သူ့မျက်လုံးများတွင် တောင်းပန်မှုအချို့ရှိနေသည်။ သို့သော် သူ့အဖေ၏ လေးနက်သော မျက်နှာကို မြင်သောအခါ နောက်ဆုံးတွင် "ကောင်းပြီ!"

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်Wo Geschichten leben. Entdecke jetzt