Chapter-3 ဂြိုလ်ဆိုးလို့ခေါ်ခံရခြင်း

2.6K 192 0
                                    

Chapter-3 ဂြိုလ်ဆိုးလို့ခေါ်ခံရခြင်း

"ဟေး ဂြိုလ်ဆိုးမ ထစမ်း မြေကြီးလှဲပြီး သေသလိုဟန်ဆောင်မနေနဲ့  "   ဆယ်ကျော်သက်တစ်ယောက်က   ကျယ်လောင်စွာအော်လိုက်သည်။ 

" ဒုတိယသခင်လေး ဒီဂြိုလ်ဆိုးမက သခင်လေးသူ့ကို    ပြင်းပြင်းထန်ထန်ကန်ပြီးထဲက  မထတော့ဘူး သူတကယ် သေသွားပြီလား"
နူးညံ့သိမ်မွေ့တဲ့အသံနဲ့ ကောင်မလေးကမေးလိုက်သည်။ 

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"  အသံကျယ်တဲ့ ဆယ်ကျော်သက်လေးဟာ ရုတ်တရက် အထိတ်တလန့်ဖြစ်စွာပြောလိုက်သည်။

လင်းယွဲ့လန်က  နဂိုထဲကဂြိုလ်ဆိုးမဘဲ  သူ့ကိုယ်သူတော့ ဂြိုလ်ဆိုး၀င်အောင်မလုပ်လောက်ပါဘူး ဟုတ်တယ်မှတ်လား။

ငါသူ့ကိုကန်ပြီး   သတ်လိုက်မိတာလား???
လူတိုင်းက လင်းရှင်းလန်ဂြိုလ်ဆိုး ဆိုတာသိတာဘဲ  သူမကိုသတ်မိလိုက်ရင်  ငါ့ရဲ့ ဂုဏ်သတင်း ပျက်စီးသွားလိမ့်မယ်။  လူသတ်သမားဆိုပြီး အပြောခံရရင်  အနာဂတ်မှာသူဘယ်လိုဇနီးရှာရတော့မှာလဲ ။

ဒုတိယသခင်လေးဆိုတဲ့  လူငယ်လေးဟာ ချက်ချင်းဆိုသလိုဘဲ အပြင်းအထန်ကို ထိတ်လန့် တုန်လှုပ် ခြောက်ခြားသွားခဲ့သည်။

သခင်လေးဟာ  သတိကြီးစွာထိုင်ချလိုက်ရင်း  လက်နဲ့ သူမရဲ့အသက်ရှုသံကို စမ်းကြည့်ခဲ့သည်။

"အားးးးး နာတယ်  လွှတ်ပေး လွှတ်ပေး "  သူ လင်းရှင်းလန်ရဲ့နှာခေါင်းကို  မထိခင်မှာဘဲ   အလွန်အားကြီးတဲ့  လက်တစ်ဖက်ဟာ သူ့လက်ကို ဆွဲခဲ့သည်။ 

လင်းရှင်းလန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာနာကျင်နေခဲ့တယ် ။ သူစိတ်တွေဟာ၀ေခွဲမရဖြစ်နေခဲ့ပြီး သူ အပြင်ဘက်မှာဆူညံသံတွေကိုကြားနေရတယ်  ဆူညံသံတွေအကုန်လုံးက ကလေးတွေရဲ့  အသံတွေလိုဘဲ

"ငါဘယ်ရောက်နေတာလဲ"
"ငါသေသွားပြီလား"
"ဒါကငရဲလား"
"ဘာလို့ကလေးတွေအဲ့လောက်ထိများနေတာလဲ"

ဆရာ၀န်နှစ်ယောက်ကသူမကို  ဆေးပမာဏအလွန်အကျွံ ပေးပြီးတဲ့အခါမှာ   သူမ အစွမ်းတွေ ပြန်ရခဲ့တယ်။

သူမချက်ခြင်းဆိုသလို အခွင့်အရေးကိုအသုံးချပြီး  တွေ၀ေမရှိဘဲ  သူမကိုယ်သူမ  ဖောက်ခွဲဖို့ ဆုံးဖြတ်ခဲ့သည်။

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်Where stories live. Discover now