Extra 2 ( Z )

202 6 0
                                    

ရုက္ခဗေဒဌာနရဲ့ ပရော်ဖက်ဆာ ဝမ်ရိပေါ်နဲ့ ကျောင်းသားလေး ရှောင်ကျန့် တို့ ချစ်သူရည်းစားတွေ ဖြစ်ခဲ့သည်မှာ ၂နှစ်ပင် ရှိပြီ။ယခုနှစ်မှာ ရှောင်ကျန့်တစ်ယောက် တတိယနှစ်။ '' ကိုယ် အငြိမ်းစားယူလိုက်ရမလား '' ဆိုပြီး သူ့ကိုမေးခဲ့တဲ့ ပရော်ဖက်ဆာဝမ်ရိပေါ်ကတော့ ရုံးခန်းထဲက ကုလားထိုင်မှာ မိန့်မိန့်ကြီးထိုင်နေဆဲပါပဲ။

တတိယနှစ်ရောက်လာတာနဲ့အမျှ စာတွေက များတယ်။နောက်ပြီး ခက်တယ်။ ဒါပေမယ့် နားမလည်တဲ့စာတွေရှိတိုင်း ရှင်းပြပေးနိုင်တဲ့ လူရှိနေတာမို့ ရှောင်ကျန့်ရဲ့ တတိယနှစ်ကျောင်းသားဘဝက တခြားကျောင်းသားတွေလောက် ခက်ခဲမနေပါ။

အတူရှိလာတာကြာပေမယ့် သူတို့နှစ်ယောက်ရဲ့အကြောင်းကို ရှောင်ကျန့်ရဲ့သူငယ်ချင်းတချို့သာ သိကြတယ်။ပရော်ဖက်ဆာဝမ်ရဲ့ စိတ်အတိုင်းသာဆို တစ်လောကလုံးသိအောင် ကြေညာမှာဆိုပေမယ့် တားခဲ့သူက ရှောင်ကျန့်ကိုယ်တိုင်ဖြစ်တယ်။ သေချာပေါက် ဝမ်ရိပေါ်က သေးသေးလေးတောင် မကျေနပ်ဘူးဆိုပါတော့။

ချစ်စ ကြိုက်စတုန်းကလိုပဲ။ပရော်ဖက်ဆာဝမ်က ရှောင်ကျန့်ကို မျက်စိအောက်ကအပျောက်မခံ။အနားမှာရှိတော့လည်း ရှောင်ကျန့်ဘေး ကပ်ပါးကောင်တစ်ကောင်အလား ကပ်နေပြီး စနေတတ်သေးတာ။ တစ်နေ့တစ်နေ့ ဝမ်ရိပေါ်အများဆုံးရတာ
ရှောင်ကျန့်ရဲ့ မျက်စောင်းတွေပဲ။

အခုလဲ ရုံးခန်းထဲက စားပွဲမှာ နှစ်ယောက်သား ဘေးချင်းကပ်ထိုင်နေကြတယ်။ရှောင်ကျန့်က သင်ခန်းစာတစ်ခုအတွက် မှတ်စုတွေချရေးနေပေမယ့် ဘေးနားက လုပ်စရာမရှိတဲ့ ရိပေါ်က စာအုပ်တွေဟိုလှန်ဒီလှန်နဲ့။အဲ့ဒီလိုလှန်ရင်းနဲ့မှ စာမေးပွဲအတွက် အရေးကြီးလောက်မယ့်ဟာတွေမျိုးဆို ရှောင်ကျန့်မမေးလဲ သူကရှင်းပြတတ်တယ်။ ဒါ့ကြောင့်လည်း ရှောင်ကျန့်ရဲ့အမှတ်တွေက ကောင်းနေတာ ဖြစ်တယ်။

ပြဌာန်းစာအုပ်ကို လှန်ဖတ်နေရင်း ရိပေါ် တပ်ထားတဲ့မျက်မှန်ကို ပင့်တင်လိုက်တယ်။ ဒီဘာသာက ရှောင်ကျန့် အားနည်းတာမို့ သူ အနည်းငယ်တော့စိုးရိမ်ရတယ်လေ။ သူ စောင်းကြည့်မိတဲ့ ရှောင်ကျန့်ကတော့ စာငုံ့နေဆဲသာ။

Wild thing,you make my heart sing [ Completed ] Where stories live. Discover now