Extra 4 ( U )

6.1K 620 10
                                    

အတန်းချိန်တွေပြည့်နေတတ်တဲ့ နေ့လည်ခင်းဖြစ်တာ​ကြောင့် စာသင်ဆောင်တွေရဲ့ ကော်ရစ်တာတွေမှာ ဖြတ်သွားဖြတ်လာ ကျောင်းသားအနည်းငယ်သာ ရှိနေပြီး အဲ့ဒီကျောင်းသားတွေထဲ ရှောင်းကျန့်ပါ အပါအဝင်ဖြစ်တယ်။

ဆရာမဝင်ဖြစ်တော့လို့ အတန်းမရှိတော့တဲ့နောက် သူငယ်ချင်းတွေ ခေါ်ရာဆီ ထွက်လာခြင်းဖြစ်တယ်။
ပုံမှန်အတိုင်းလှမ်းလာတဲ့ ခြေလှမ်းတွေက ခပ်ကျယ်ကျယ်ဖြစ်သလို လက်ထဲကဖုန်းစခရင်ပေါ်ပြေးလွှားနေတဲ့ လက်ချောင်းတွေကလဲ မြန်မြန်ဆန်ဆန်သာ။

နေ့လည်စာစားချိန် သူငယ်ချင်းတွေနဲ့ရှိနေမယ့်အကြောင်း ပရော်ဖက်ဆာဝမ်ဆီ စာပို့ပြီးသွားတဲ့နောက် ကန်တင်းတစ်နေရာဆီကိုသာ ဆက်
လျှောက်လာဖြစ်တယ်။ စာသင်ဆောင်တွေနဲ့သိပ်မဝေးတဲ့ ကန်တင်းဖြစ်တာကြောင့် ရောက်ဖို့ရာ ရှောင်းကျန့် ဘယ်လောက်မှမလျှောက်လိုက်ရ။

ကန်တင်းအရောက်မှာ တိတ်ဆိတ်နေတဲ့လေထုနဲ့ ကြိုဆိုနေတဲ့ သူငယ်ချင်းကောင်တွေကြား ဝင်ထိုင်လိုက်ရင်း အခြေအနေကို တိတ်တဆိတ်ပဲ အကဲခတ်လိုက်ရတယ်။ နောက်ဆုံးမှာ အကုန်လုံး မျက်စပစ်ပြခံရတဲ့ ဟူချန်းဆီသာ ရှောင်းကျန့်ကြည့်မိတယ်။
အပူသည်ရုပ်နဲ့ ထိုင်မှိုင်နေတဲ့ ဟူချန်းကိုမြင်တော့ ရယ်မိတော့မလိုဖြစ်သွားတဲ့ နှုတ်ခမ်းတွေကို ပြန်တည်ရင်း ချောင်းတစ်ချက်ဟန့်လိုက်တယ်။

ရှောင်းကျန့်က နောက်ဆုံးထိုင်မှိုင်နေခဲ့ဖူးတာက အထက်တန်းစာမေးပွဲရဲ့ သင်္ချာဖြေတဲ့နေ့က ဖြစ်လိမ့်မယ်။တက္ကသိုလ်ရောက်တော့ ပရော်ဖက်ဆာဝမ်ရိပေါ်နဲ့ ဆုံမိရာကစလို့ နောက်ပိုင်း မှိုင်ထွေနေဖို့အချိန်တောင် မရှိခဲ့။ အချစ်ခံရတဲ့ဘဝမှာ အပူအပင်မရှိကြောင်း ဟူချန်းကို ဒီချိန်​ပြောပြဖြစ်ရင် မိုးမွှန်အောင် အဆဲခံရနိုင်ပါရဲ့။

'' ဟူချန်း မှိုင်မနေပါနဲ့ကွာ မှန်းစမ်း
မင်းလိုက်နေတဲ့ ကောင်မလေးက ငြင်းလွှတ်လိုက်ပြန်ပြီလား ''

ဟူချန်းဆီက မျက်စောင်းတစ်ချက်က ရှောင်းကျန့်ဆီ တန်းတန်းတည့်တည့်ပါပဲ။ အတူထိုင်နေတဲ့ တခြားကောင်တွေကလဲ အသံမထွက်အောင် ရယ်ကြတယ်။ အားရပါးရအော်ရယ်ဖို့အတွက်တော့ လူသေးသလောက် စိတ်ကြီးတဲ့ ဟူချန်းကို ကြောက်ရပါတယ်။

Wild thing,you make my heart sing [ Completed ] Where stories live. Discover now