Chapter 1 ( U )

29.3K 1.6K 19
                                    

ပီကင်းတက္ကသိုလ်မြေရဲ့ ကျောင်းဖွင့်ကာလက စိုစိုပြေပြေသာရှိနေတယ်။ကျောင်းရဲ့ နေရာအနှံမှာ သွားလာနေတဲ့ ကျောင်းသားတွေအတွက် ဒီနေ့ဟာ တက္ကသိုလ်တွေ စဖွင့်တဲ့ရက် တစ်လတိတိရှိပြီဖြစ်တယ်။

စာသင်ဆောင်တွေရဲ့ အခန်းတွေထဲ အတန်းချိန်တွေရှိနေတယ်။ ရုက္ခဗေဒမေဂျာ ပထမနှစ်ကျောင်းသားလေး ရှောင်းကျန့်က အတန်းရဲ့ နောက်ဆုံးခုံတန်းမှာ အိပ်ငိုက်လို့ ကောင်းနေခဲ့တာ အတန်းချိန်အစတည်းက ဖြစ်ပြီး ပြန်နိုးလာခဲ့တဲ့ အချိန်ကတော့ အတန်းပြီး ဘဲလ်သံကို သူကြားလိုက်မိတဲ့ အချိန်ဖြစ်တယ်။

စားပွဲပေါ်ထုတ်တင်ထားခဲ့တဲ့ စာအုပ်မှန်သမျှ အိတ်ထဲ ပစ်ထည့်ပြီး စာသင်ခန်းထဲက ထွက်လာတဲ့ ရှောင်းကျန့်က လက်တွေဆန့်ပြီး အကြောဆန့်တယ်။

သိပ်ပျင်းစရာကောင်းတဲ့ မိုင်နာဘာသာချိန်ပဲ။ စိတ်မကောင်းစရာကတော့ ကျောင်းစတတ်တဲ့ ကာလတစ်လျှောက်လုံး ဒီအတန်းချိန်က သူပထမဆုံး တတ်ခဲ့တဲ့ အတန်းချိန်ဖြစ်နေတာပဲ။

ဟုတ်ပါတယ်။
ရှောင်းရှောင်းကျန့်ဟာ တစ်လလုံးလုံး အတန်းပြေးခဲ့တာပါ။

ရှောင်းကျန့်ရဲ့ သူငယ်ချင်းတွေက အခြားမေဂျာတွေမှာရှိတယ်။State ကျောင်းတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေမို့ တက္ကသိုလ်အတူတူရွေးခဲ့ကြပေမယ့် စိတ်ဝင်စားတဲ့ ဘာသာရပ်တွေယူခဲ့ကြတာမို့ မေဂျာဆောင်တွေ မတူကြတော့။

စာသင်ချိန်တွေပြီးရင် တွေ့ဖို့ချိန်းထားပေမယ့် အချိန်ကစောနေသေးတာကြောင့် ရှောင်းကျန့် မေဂျာဆောင်အပေါ်ဆုံးထပ်က ခေါင်မိုးထပ်ဆီ တတ်လာခဲ့လိုက်တယ်။

အ​ကြောအချဥ်တွေပြေဖို့ ခန္ဓာကိုယ်က နီကိုဒင်းဓာတ်ကို တောင့်တလာတာကြောင့်လို့ ပြောလို့ရတယ်။ ခေါင်မိုးထပ်က ဝရံတာလက်တန်းတွေနား လျှောက်သွားတဲ့ သူ့ရဲ့ခြေလှမ်းတွေ ခဏရပ်သွားတယ်။

အကြောင်းကတော့ သူ့ထက်အရင် ရောက်နှင့်နေတဲ့ လူတစ်ယောက်ကြောင့်ဖြစ်တယ်။ခြေလှမ်းတွေ ပြန်လှမ်းပြီး အဲ့ဒီလူရဲ့အနား သိပ်မနီးလွန်းတဲ့ နေရာဆီ ရှောင်းကျန့်လျှောက်သွားလိုက်တယ်။

Wild thing,you make my heart sing [ Completed ] Where stories live. Discover now