Extra 6 ( U )

5.5K 524 20
                                    

ဧည့်ခန်းထဲရဲ့ ဆိုဖာခုံဆီမှာ ရှောင်းကျန့်တစ်ယောက်တည်းသာရှိနေတယ်။ လက်ထဲက ဖုန်းကို ကြည့်နေပေမယ့် မျက်နှာထားကတော့ မှုန်ကုတ်လို့။ ဝမ်ပါးပါးနဲ့မားမားက ဇာတ်လမ်းတွဲပြီးလို့ အခန်းထဲ ဝင်ပြီးအနားယူနေကြပြီ။

ပြဿနာက ပရော်ဖက်ဆာဝမ်။ '' ချွန်းဟွာ '' ဆိုတဲ့ သူငယ်ချင်းနဲ့ စကားထွက်ပြောပြီး ပြန်ဝင်မလာသေးတာ အခုထိ။ ရှောင်းကျန့် နည်းနည်းလေးတောင် မကျေနပ်နေပါ။

'' ဘာတွေများပြောနေလို့ ကြာနေရတာလဲ ''

လက်ထဲက ဖုန်းကို အရှေ့က စားပွဲဆီပစ်တင်ပြီး မတ်တပ်ထရပ်လိုက်တယ်။ သူ ဒီတိုင်းနေလို့မဖြစ်တော့ဘူး။ အဲ့ဒါနဲ့ပဲ အိမ်တံခါးဆီ ရောက်သွားတော့တာပဲ။

ခြံဝန်းထဲက ခုံတန်းမှာထိုင်ပြီး စကားပြောနေကြတဲ့ ရိပေါ်နဲ့ ချွန်းဟွာကို ရှောင်းကျန့် တံခါးခပ်ဟဟဖွင့်ပြီး မသိမသာလှမ်းကြည့်လိုက်တယ်။ ချွန်းဟွာက ရိပေါ်နဲ့အရွယ်တူ အမျိုးသမီးတစ်​ယောက် ။ ပြုံးရယ်နေတဲ့ဟန်ကတော့ အတော်လေးလှတယ်။

'' ဒီလူကြီး!!! ''

ချွန်းဟွာက ရိပေါ်ရဲ့ ပခုံးတစ်ဖက်ကို လှမ်းရိုက်ပြီး ရယ်မောနေကြတာကို မြင်တော့ ရှောင်းကျန့် တံခါးကို ချက်ချင်းပြန်ပိတ်ပြီး ဆိုဖာဆီ ပြန်ဝင်ထိုင်လိုက်တယ်။

အသက်ကြီးတဲ့ လူကြီးတွေများ မုန်းစရာ။

ဖုန်းလဲ မသုံးချင်တာနဲ့ လက်တွေပိုက်ပြီးသာ ထိုင်နေတယ်။ သူ့ရှေ့က သစ်သီးပန်းကန်ထဲက ကျန်နေခဲ့တဲ့ သစ်သီးတွေဆီ လှမ်းကြည့်ဖြစ်သေးတယ်။

'' ဘာလို့ စတော်ပယ်ရီသီးက အနီရောင်ကြီးလဲ!!! ''

မြင်မြင်သမျှ ပရော်ဖက်ဆာဝမ်ကြောင့် အပြစ်တင်ချင်စရာတွေ ဖြစ်ကုန်ကြတော့တာပဲ။

သိပ်မကြာလိုက်တဲ့အချိန်မှာ ရိပေါ်အိမ်ထဲပြန်ဝင်လာခဲ့တယ်။ ဧည့်ခန်းထဲ ရှောင်းကျန့်ထိုင်နေသေးတာ မြင်တော့ ဘေးဆီဝင်ထိုင်တယ်။ ရှောင်းကျန့်ရဲ့ ပခုံးကို လှမ်းဖက်တော့ မမျှော်လင့်ပဲ တွန်းဖယ်ခံလိုက်ရတာကြောင့် သူ့မှာ လန့်သွားရသေးတယ်။

Wild thing,you make my heart sing [ Completed ] Where stories live. Discover now