ရွေ့နေတဲ့ ကားဘီးတွေ ဖြေးဖြေးရပ်တန့်သွားရာက ရှောင်းကျန့်ရဲ့ နေအိမ်ရှေ့မှာ ဖြစ်တယ်။ ကားအတွင်းမှာတော့ တိတ်ဆိတ်နေတယ်။ ကျောင်းဆေးခန်းထဲ ရှောင်းကျန့် အိပ်ပျော်သွားခဲ့တာ ညနေစောင်းမှ နိုးလာခဲ့တာမို့ အိမ်ပြန်ချိန်က နောက်ကျတယ်။
ကားမောင်းသူနေရာမှာ ရှိနေတဲ့ ပရော်ဖက်ဆာဝမ်က သူ့နိုးလာတဲ့အထိ ထိုင်စောင့်ပေးခဲ့တဲ့အထိ အချိန်တွေ အားနေခဲ့တယ်ထင်တယ်။ အခုလဲ အတင်း အိမ်အထိ လိုက်ပို့ပေးခြင်း။
" ကျေးဇူးတင်ပါတယ် ပရော်ဖက်ဆာဝမ်...
ကျွန်တော်သွားတော့မယ် "" နေအုန်း "
ထိုင်ခုံခါးပတ်ကိုဖြုတ်နေတုန်းမှာပဲ အနားကပ်လာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် ငြိမ်သက်လိုက်မိတယ်။သူကြည့်မိနေတာကတော့ မျက်မှန်အောက်က မျက်ဝန်းကြည်ကြည်တစ်စုံကိုသာဖြစ်တယ်။
" ဘာလုပ်တာလဲ "
" အဖျားရှိသေးလား စမ်းကြည့်တာ "
နဖူးပြင်ပေါ်ရောက်နေတဲ့ ရိပေါ်ရဲ့ လက်က ဖယ်ခွာသွားပေမယ့် သူတို့နှစ်ယောက် နီးကပ်နေဆဲသာဖြစ်တယ်။
" ဘေးအိတ်ထဲမှာ ဆေးထည့်ပေးထားတယ်...
ညစာ တစ်ခုခုစားပြီး သောက်လိုက် "" ဟမ်...ဆေး "
ဆေးဆို ဘာဆေးမှ မကြိုက်တဲ့ ရှောင်းကျန့်က မျက်မှောင်တွေ ချက်ချင်းပဲ ကျုံ့တယ်။ တကယ်ဆို သူသက်သာနေပြီပဲ။ဆေးလည်း ထိုးခဲ့ရတယ်။ အခုချိန်မှာ ဆေးပါထပ်သောက်ရမယ်ဆိုရင် သူ့ရဲ့ ဒုက္ခက တော်ရုံတန်ရုံတော့မဟုတ်။
" မသောက်ချင်ဘူးလား ဘာလို့လဲ "
" ခါးလို့ "
ရှောင်းကျန့် ခပ်နီးနီးမြင်နေရတဲ့ ရိပေါ်ရဲ့ နှုတ်ခမ်းတွေ ကွေးသွားတယ်။အဲ့ဒီနောက် ဆံပင်တွေကြား ထိုးဖွလာတဲ့ လက်ချောင်းတွေ။ သူကတော့ မျက်မှောင်တွေ ကျုံ့ထားဆဲပဲ။
" ကလေးကျနေတာပဲ "
ရှောင်းကျန့် တံတွေးတစ်ချက်မြိုချမိတယ်။ပြန်ကြားယောင်မိတဲ့ စကားတစ်ခွန်းဆီက " ကလေးလေး " ဆိုတဲ့ ပဲ့တင်ထပ်သံကို တစ်ကြိမ်မက သူပြန်ကြားလိုက်ရသလိုပဲ။
DU LIEST GERADE
Wild thing,you make my heart sing [ Completed ]
FanfictionWhat's wrong with Professor Wang?