Chapter 10 ( Final ) ( U )

14.1K 1.4K 59
                                    

ရှောင်းကျန့် ရေကူးကလပ်မှာရှိနေတယ်။မကျွမ်းကျင်သေးတဲ့ သင်တန်းသားတချို့ကို အနည်းငယ် ကူပေးပြီး ရေချိုးခန်းတွေရှိရာကို ရှောင်းကျန့် ထွက်လာဖြစ်ခဲ့တယ်။

ရေကို ခပ်ကြာကြာချိုးခဲ့တာမို့ သူထွက်လာတော့ နားနေခန်းထဲ လူရှင်းနေတယ်။ လော့ခ်ကာထဲက အင်္ကျီတွေကို ယူဝတ်ပြီး သူ့ရဲ့ စိုနေတဲ့ ဆံပင်တွေကို သုပ်တယ်။ လော့ခ်ကာထဲက အဝတ်အစားတွေနဲ့အတူ ထုတ်ယူခဲ့တဲ့ အနာကပ်ပလာစတာတစ်ခုက သူ့လက်တစ်ဖက်ထဲမှာ ရှိတယ်။

" ခွေးကောင်ကြီး "

လည်ပင်းဆီက စိုနေတဲ့တစ်ခုကို ခွာပစ်ရင်း အရှေ့က မှန်ဆီသာ ကြည့်ပြီး ရှောင်းကျန့် အသံတိုးတိုး ဆဲတယ်။ သူမြင်နေရတဲ့ သူ့ရဲ့လည်ပင်းသားက အပြစ်ဒဏ်အနေနဲ့ အကိုက်ခံခဲ့ရတဲ့ နေရာက နီဆွေးနေဆဲသာဖြစ်တယ်။

ပလာစတာအသစ်ကိုကပ်ပြီး လေပူတစ်ချက်ကို သူမှုတ်ထုတ်ပစ်လိုက်သေးတယ်။ ဖြစ်နိုင်ရင်တော့ စိတ်ရှိလက်ရှိပဲ အဲ့ဒီပရော်ဖက်ဆာဝမ်ကို ပြန်ကိုက်ပစ်လိုက်ချင်တော့တယ်။

.....

" ချီးပဲ... "

အတန်းရဲ့ အလယ်နားမှာ ထိုင်နေတဲ့ ရှောင်းကျန့်က ဖွင့်ထားတဲ့ စာအုပ်ပေါ်မှာ လျှောက်ရေးခြစ်ရင်း ခပ်တိုးတိုး ဆဲတယ်။ ဘာလို့ သူ့ရဲ့လက်တွေက အဲ့ဒီ နာမည်ကို ချရေးမိသလဲ ဆိုတာ သူနည်းနည်းလေးတောင် စဥ်းစားမရဘူး။

" ဝမ်ရိပေါ် " ။ ဟုတ်တယ်။
အဲ့ဒါ သူချရေးမိတဲ့ နာမည်ပဲ။

" ချီးမို့လို့ ရေးမိရတာလား "

ဘယ်နှခါမှန်းမသိ အသံတိတ်ကျိန်ဆဲရင်းနဲ့ ပြီးသွားတဲ့ အတန်းချိန်နောက် ရှောင်းကျန့်သူ့ရဲ့ ဆံပင်တွေကို ဆွဲဖွပစ်လိုက်တယ်။ အတန်းချိန်စတည်းက အဆုံးထိ သင်သွားသမျှက သူ့ခေါင်းထဲ ဘာဆိုဘာမှ မရောက်လိုက်။

အတန်းထဲက ထွက်ဖို့ အိတ်ကို ကောက်လွယ်လိုက်တုန်းမှာ ဝင်လာတဲ့ဖုန်းက ဘယ်သူ့ဆီကမှန်း ရှောင်းကျန့် ကြည့်စရာမလိုပဲနဲ့ကို သိတာမို့ ပြန်မဖြေပဲ နေပစ်လိုက်တယ်။ သူ့ကိုပဲ ကွက်ပြီး ပုံမှန်မဟုတ်တဲ့ အပြစ်ဒဏ်တွေ ပေးတဲ့ အဲ့ဒီလူကို နည်းနည်းလေးတောင် ကြည့်မရပါဘူး။

Wild thing,you make my heart sing [ Completed ] Unde poveștirile trăiesc. Descoperă acum