Chapter 3 ( U )

11K 1.3K 49
                                    

လက်ထဲက ကိုင်ထားတဲ့ ဖိုင်ကို ပိတ်ပြီး လှမ်းတင်လိုက်တဲ့ စားပွဲရဲ့ အရှေ့စွန်းနားက ဖန်တုံးဆီက စာလုံးအမဲတွေကို ရှောင်းကျန့် လှမ်းကြည့်တယ်။

Professor Wang Yi Bo

ဖိုင်ကို စားပွဲပေါ်တင်လိုက်တဲ့ ပရော်ဖက်ဆာဝမ်ကတော့ သူ့ရဲမျက်စိရှေ့က ရှောင်းကျန့် ကို စေစေ့စိုက်ကြည့်တယ်။ တစ်ဖက်က တံတွေးမြိုချမိတဲ့ ရှောင်းကျန့်ကတော့ ပရော်ဖက်ဆာ ပေးလာမယ့် အပြစ်ဒဏ်ဟာ ဘာဖြစ်မလဲဆိုတာပဲ တွေးတောနေတယ်။

" ရှောင်းကျန့် "

" ဟုတ် "

ငုံ့ထားတဲ့ ဦးခေါင်းကို မော့ပြီး ချက်ချင်းပြန်ဖြေတဲ့ ရှောင်းကျန့်က နောက်ပစ်ထားတဲ့ သူ့ရဲ့လက်တွေကို အချင်းချင်း တင်းအောင်ဆုပ်ကိုင်နေမိတယ်။
အဲ့ဒီ ပရော်ဖက်ဆာဝမ်ရဲ့ မျက်နှာပေါ်က အပြုံးက
ခပ်ရေးရေးဆိုပေမယ့် ပုံမှန်မဟုတ်ဘူးဆိုတဲ့ အငွေ့အသက်တွေကို သူအလိုလိုကို ခံစားမိတယ်။

" အတန်းတွေမတတ်တာ တစ်လတောင်... ဘာတွေလုပ်နေလို့လဲ ခွင့်စာလဲမတင်ထားပဲနဲ့ "

စကားပြောရင်း တဖြည်းဖြည်းအနားကပ်လာတဲ့ ပရော်ဖက်ဆာဝမ်က ရှောင်းကျန့် စတွေ့ဖူးတဲ့နေ့ကလို ခပ်ပွပွ ဆွယ်တာတစ်ထည်နဲ့ဆိုပေမယ့် ပုံတုံးတုံးကြီးလို့ ရှောင်းကျန့် ယောင်လို့တောင် မတွေးမိတော့။

" ဟို... ခရီး ကျွန်တော်ခရီးသွားနေလို့ "

ရှောင်းကျန့်ရဲ့ အလိမ်အညာစကားကို ရိပေါ်က ခေါင်းငြိမ့်ပြပေမယ့် ပြုံးနေတာကို မရပ်သေး။
သူတို့ နှစ်ယောက် မျက်နှာချင်းဆိုင် စရှိနေကတည်းက အပြုံးတွေ...။

" Assignment က စာမေးပွဲအမှတ်ကို ကူပေးနိုင်တာ သိတယ်မလား "

" ဟုတ် သိပါတယ် ... ပရော်ဖက်ဆာ ကျွန်တော် နက်ဖြန် သေချာ လာထပ်ပါ့မယ် မရဘူးလား
ကျွန်တော် တကယ်မေ့ခဲ့တာ "

မျက်ခုံးတွေကို တွန့်ခေါက်ပြီး အသနားခံလေသံနဲ့ ပြောရင်း ရှောင်းကျန့် ငြိမ်သက်လိုက်မိတယ်။
ရုတ်တရက် သူ့ရဲ့ဆံပင်တွေကြားတိုးဝင်လာတဲ့ ရိပေါ်ရဲ့ လက်ချောင်းရဲ့ လှုပ်ရှားမှုဟာ ခပ်ဖွဖွကလေးပဲ။

Wild thing,you make my heart sing [ Completed ] Where stories live. Discover now