မောင့်ရဲ့ပျိုး (4)

Beginne am Anfang
                                    

"အေး...သားမေမေမီးဖိုဆောင်ထဲမှာ"

မေမေကမီးဖိုဆောင်ထဲမှာဆိုတာကြောင့်ပျိုး‌ေနာက်က‌ေနခြေသံဖွဖွလေးနင်းလိုက်ပြီးမေမေ့ခါးသို့ဖက်လိုက်သည်။

"ဗုဒ္ဓေါ!!..အော်သားရယ်ဖြည်းဖြည်းဖက်မှပေါ့"

"ဟီး..ဟီး..ရွှတ်!!"

ပျိုးမေ့မေ့ပါးအားနမ်းလိုက်ရင်းမျက်နှာချိုသွေးကာရီပြလိုက်သည်။အသက်က၂၃နှစ်ဆိုပေမဲ့မေမေနှင့်‌ေတွ့ရင်ပျိူးက..ကလေးလေးဖြစ်သွားတက်သည်။
ထို့နောက်မေမေဟင်းချက်နေတာမြင်တော့ ပျိုးမျက်ခုံးတန်းလေးနှစ်ဖက်တွန့်ချိုးသွားကာ ခပ့်ဆောင့်ဆောင့်လေးနှင့်.....

"မေမေ့ကိုဟင်းတွေဝင်မချက်ပါနဲ့လို့ပြောထားတာကို!.. ကျန်းမာရေးလဲသိပ်မကောင်းဘဲနဲ့ သားပြန်လာမှချက်‌ေပးမှာပေါ့!.."

"သားကလည်းမေမေ့မှာအလုပ်ဆိုလို့ဒီအလုပ်‌ေလးတွေပဲရှိတာကို။ဘာမှမလုပ်ဘဲငြိမ်နေမှပိုပြီးနေမကောင်းဖြစ်လိမ့်မယ်။ ဟင်းချက်နေရရင်ဒေါင်‌ဒေါင်ကိုမြည်လို့.."

"ကဲ..ဟုတ်ပါပြီဗျာ.. သားကမေမေ့ကိုစိတ်ပူလို့ပြောနေတာပါ မေမေကျန်းကျန်းမာမာရှိနေရင်ပြီးရော"

"အေးပါ.. ကဲ..ရေမိုးချိုးတော့မေမေထမင်းပွဲပြင်ထားလိုက်မယ်"

"ကောင်းပါပြီ ..သခင်မကြီးခဗျ"

ဒေါ်ခင်ကြည်အပေါ်ထပ်ကိုတက်သွားတဲ့သားရဲ့ကျောပြင်ကိုကြည့်ပြီးနှစ်နှစ်ချိုက်ချိုက်ပြုံးလိုက်မိသည်။ အမျိုးသားဆုံးပြီးတဲ့နောက်ပိုင်းမှာသားလေးတစ်ယောက်ကသာသူ့ရဲ့အားထားရာ.... အမေကိုလည်းအရမ်းချစ်ကာ အမြဲအရိပ်တကြည့်ကြည့်နှင့်ဂရုစိုက်တက်သည်။အရင်အပါတ်ကဆေးခန်းပြတော့ နှလုံးရောဂါအခံကတဖြည်းဖြည်းဆိုးလာတယ်ဆိုတဲ့ဆရာဝန်ရဲ့အပြောကြောင့်သားဖြစ်သူကနဲနဲမှအပင်ပန်းမခံခိုင်း။ မနက်အလုပ်သွားပြီးအိမ်ပြန်ရောက်ရင်လည်းအိမ်အလုပ်အကုန်လုံးကိုဒေါင့်‌ေစ့အောင်လိုက်လုပ်နိုင်သည်။

"သားအိမ်တစ်အိမ်မှာgiudeလုပ်ပေးနေတယ်ဆိုဟုတ်လား.."

အဟွတ်!!.. အဟွတ်!!!...

မောင့်ရဲ့ပျိုးWo Geschichten leben. Entdecke jetzt