🍁(Final)🌷

484 23 26
                                    

                             (Final)

.

.

.

Tulips festival ပွဲတော်အချိန်... နွေဦးရာသီမို့ Amsterdamမြို့၏ ၈၅နေရာလောက်မှာ tulips
ပန်းများ ဖူးပွင့်နေကြသည်။ထို့ကြောင့်Amsterdamမြို့၏ အများသူငှာဆိုင်ရာ နေရာများ၊မြို့တော်၏ ပြတိုက်များ၊ဟိုတယ်များ၏
ပန်းခြံများနှင့် ထင်ရှားသော  မြို့လယ်ခေါင်ရှိ အဆောက်အအုံများ၌ ထိုပန်းများကို မြင်တွေ့ရမည်ဖြစ်သည်။
အချို့သော ပြတိုက်ဥယျာဉ်များတွင် လက်မှတ်ဖြင့်
ကြည့်ရှုဖို့ သတ်မှတ်ထားပြီး၊ အများသူငှာ နေရာများ
တွင်တော့ အားလုံးကို အခမဲ့ကြည့်ရှုနိုင်သည်။

Amsterdamမြို့ရောက်နေတဲ့ သူငယ်ချင်းတစ်စု
ဒုတိယမြောက်‌ရက်မှာတော့ Keukenhof Garden
ကို သွားရောက်လည်ပတ်ဖို့ ပြင်ဆင်ထားသည်။
Lisseမြို့သို့ စက်ဘီးနဲ့သွားလည်၍ ရသော်ငြားလည်း ဟိုတယ်က စီစဉ်ပေးသည့် ကားဖြင့်သာ သွားရန် စဉ်း
စားထားသည်။
Netherlandsနိုင်ငံကို ရောက်ခဲ့မယ်ဆိုရင် ထိုပန်း
ဥယျာဥ်သို့ မဖြစ်မနေသွားလည်သင့်သည့်အတွက်
မနက်စောစော၌ပင် သွားရန်စီစဥ်လိုက်၏။

ထို့ကြောင့် မတ်လနှောင်းပိုင်းနှင့် မေလလယ်ထိ
ဖွင့်လှစ်ထားသည့် tulipsပန်းများရှိရာ Keukenhof Gardenသို့ သူတို့ ရောက်ရှိလာ၏။
Netherlandsနိုင်ငံ၏ အပူဆုံးလ Julyသို့ မရောက်
မှီပင် နေက‌ အတော်လေး ပူနေသလို... Min Suga..
ခံစားရသည်။
ထို့ကြောင့် ‌အရှေ့က ခေါင်းဗလာနှင့် သွားနေသော Hoseokခေါင်းပေါ်သို့ ..သူဆောင်းလာသည့် Ball
capအနက်လေးကို ဆောင်းပေးလိုက်မိ၏။

"နေပူတယ်...ဒါကို ဆောင်းထားလိုက်!"

"ရပါတယ်ကွ....မင်းဘာသာပဲ ဆောင်းပါ!"

"ငါကမပူဘူး....မင်းပူနေမှာစိုးလို့!"

"မင်းတို့ဘယ်သူမှ မဆောင်းရင်လည်း.. ငါ့ကိုပေး!
ဟိုတယ်မှာ ငါမေ့ကျန်ခဲ့တာနဲ့ ...အတော်ပဲ!"

ဦးထုပ်တစ်လုံးကို သူဆောင်း၊ငါဆောင်းနဲ့ လုပ်နေစဉ်
ဘေးက ကြည့်ပြီး အမြင်ကပ်လာတဲ့Joon!
Hoseokလက်ထဲက ဦးထုပ်ကိုဆွဲလုပြီး  သူ့ခေါင်း
ပေါ်၌ဆောင်းလိုက်၏။ထို့နောက်အနားက ထွက်သွား
တော့...Garfieldက မကြိုက်ချင်။...

"The One I Love" S♡1(Completed)Where stories live. Discover now