Part.24

192 21 16
                                    

                           (Park.24)
.

.

"မြေးလေး!"

"ဗျာ.......ဖွား!"

"အလုပ်မှာ ထမင်းကို အချိန်မှန်စားရဲ့လားကွယ်!
ဖွား...မြေးကို ကြည့်ရတာလေ.. ပိုပိုပိန်သွားသလိုပဲ!"

"ဟုတ်လား....ဖွား!"

Home Heart Construction Companyက အားထားရတဲ့ အင်ဂျင်နီယာလေး Jung Hoseok!
အလုပ်သွားဖို့ပြင်ဆင်နေတုန်းအဖွားရဲ့ ရုတ်တရက်မေးလာတဲ့ အမေးကြောင့် ကိုယ့်ခန္ဓာကိုယ်အား ပြန်ငုံ့ကြည့်လိုက်မိ၏။
Projectအသစ်အတွက် နေ့ရောညပါမနားပဲ အလုပ်ရှုပ်နေခဲ့တာ ရက်ပေါင်းအတော်များခဲ့ပြီ။
အလုပ်အပေါ် အာရုံစိုက်များပြီးအစားအသောက်ကိုပင် ဂရုတစိုက်မစားဖြစ်။

ဒီတော့ နဂိုကပင်သွယ်လျတဲ့ ခန္ဓာကိုယ်လေးက
ခုဆိုလေတိုက်ရင်တောင် လွင့်ပါသွားတော့မယ့်
'dandelion'...ပန်းပင်လေးလို။
ခါးသေးသေးသွယ်သွယ်လေးနဲ့ သူ့ကိုယ်ကို t.shirt
အဖြူရောင်ကြီးဖြင့် Hoseokဖုံးကွယ်ထားမိ၏။
ဒါက အရိပ်တကြည့်ကြည့် လုပ်နေတဲ့ ဘေးနားက
ချစ်ရသူတွေကိုတော့ ဖုံးကွယ်ထားလို့မရတာ
သူချက်ချင်းသဘောပေါက်သွားသည်။

"ဟုတ်တယ်.... ဖွားမြေးရဲ့!"

"ဒီရက်ပိုင်း အလုပ်အရမ်းရှုပ်နေလို့ နေ့လည်စာ
တခါတလေ မစားဖြစ်ဘူး ဖွားရေ!
...အဲဒါကြောင့်နေမှာ!"

"အလုပ်ဘယ်လောက်ရှုပ်ရှုပ်...အစားအသောက်တော့
မှန်အောင်စားပါ မြေးရယ်!....
ကျန်းမာမှ အလုပ်ကိုလည်း ကောင်းကောင်းလုပ်နိုင်မှာပေါ့!"

"ဟုတ်...!
ဒီနေ့ကစပြီး ဖွားစကားကို ကျနော် သေချာမှတ်ထား
လိုက်ပြီနော် !"

"အေးပါကွယ်...ဖွားမြေးက လိမ္မာပြီးသားပါ!"

"ဖွား...ညနေပြန်လာမှ တွေ့မယ်နော်...အိမ်ရှေ့မှာ hyungရောက်နေပြီ!...
( ˘ ³˘)♥ "

အလုပ်မသွားခင်တိုင်း လုပ်နေကျက အဖွားနဖူးလေးကို
နမ်းပြီး နူတ်ဆက်တာ။
မနက်ခင်းအစ ပထမဦးဆုံး ကျနော့်ရဲ့အနမ်းကိုရတဲ့သူက
ကျနော်သိပ်ချစ်ရတဲ့ ဖွားပေါ့ ။
ဒီလိုပြောရင် Dr.Minကကျနော့်ဆီကအနမ်းကို ဒုတိယမြောက်ရတဲ့သူ ဖြစ်လိမ့်မည်။

"The One I Love" S♡1(Completed)Where stories live. Discover now