Part.11

321 45 34
                                    

                         (Part.11)
.

.


>>>>>>>(1 Month Later)>>>>>>>

.

Seoulမြို့ကို ခွင့်ရက်စေ့လို့ Minပြန်သွားချိန်
Hoseokတစ်ယောက် အလွမ်းတွေနဲ့ကျန်ရစ်ခဲ့ရတာ
ခုဆိုတစ်လခန့်ပင်ရှိခဲ့ပြီ။ရက်တွေ ကြာလာတော့လည်း သူအလွမ်းနဲ့နေသားတကျ ဖြစ်၍လာသည်။
ပြန်ဆုံခွင့်ရှိမယ် သိနေခဲ့လို့များ သူ့အလွမ်းတွေကို လစ်
လျူရှု ဖြေသိမ့်နိုင်ခြင်းလား သူ,မသိတော့။

Minပြန်သွားလို့ မျက်ရည်လည်ရွှဲနဲ့ငိုခဲ့တဲ့ကောင်လေး
ခုတော့ဖြင့် မငိုခဲ့ဘူးသူလို။Daeguလမ်း‌တွေပေါ်ချစ်ရ
တဲ့ hyungပေးခဲ့တဲ့ မိုးပြာရောင်စက်ဘီးလေးကို စီးနင်းရင်းသာ နေ့စဉ်ကျောင်းတက်မြဲ။

ဒီလိုဒီပုံ ဘာမှထူးခြားစွာ မခံစားဖူးသူလိုနေရင်း
ကျောင်းပုံမှန် ပြန်တက်နေလည်း မေပယ်လ်ရွက်တွေ
မြင်ချိန်တိုင်း ‌chuseokပိတ်ရက်လေးကိုဖြင့် သတိတရ လွမ်းမိဆဲပဲ။ဆွေးရိပ်လွှမ်းတဲ့အကြည့်နဲ့ ကျောင်းထိပ်က မေပယ်လ်ပင်ကြီးကို မနက်တိုင်းလှမ်းလှမ်းကြည့်မိတတ်တာက....သူကိုယ်သူ မသိလိုက်စဉ်မှာပဲ အကျင့်တစ်ခုပမာ ဖြစ်လို့နေလေပြီ။

"တောက်....ငါမုန်းတဲ့ အထဲမှာ ဒီအပင်လည်းပါတယ်!"

ဘေးကအတူလိုက်ပါလာတာနဲ့ စက်ဘီးအနက်ရောင်
ပိုင်ရှင်ကောင်လေးက မကျေမချမ်းဖြင့် ရေရွတ်သည်။
ရယ်စရာမပါတဲ့စကားကို သွားတန်းညီညီလေးတွေ
ပေါ်လာသည်ထိ ပြုံးပြရင်း Hoseok မေးလိုက်မိ၏။

"မင်းမုန်းရအောင် သူကဘာလုပ်နေလို့တုန်း!
မင်းဆိုတာလဲလေ..မြင်သမျှလိုက်မုန်းနေ!...အမုန်း
တရားကိုများတယ်!အပြစ်မရှိတဲ့ငါ့စက်ဘီးကိုလည်း ကြည့်မရ,ရတာနဲ့...ဘာမှန်းကိုမသိဘူး!"

"အမြင်ကပ်ချင်စရာပဲလေ.....အဲ့ဒီစက်ဘီးအစုတ်
ကြောင့် မင်းငါ့နောက်က လိုက်မစီးတော့တာ!"

"မဆိုင်ပါဘူး...ငါ့အကြောင်းပြချက်နဲ့  ငါပါ!"

"လာလုပ်မနေနဲ့...မင်းအကြောင်း မသိရင်ခက်မယ်!"

"အေးလေ...မသိမှတော့ ခက်ပြီပေါ့!"

"Hoseokနဲ့Min Sugaတော်ကြတော့ကွာ....မင်းတို့
နောက်လိုက်ရတာ....နားတွေကို ငြီးနေတာပဲ!
နောက်ရက် အိမ်ကကားနဲ့ပဲ လာတော့မယ်!...အားရင် ကိုက်နေကြတာ မမောဘူးလား!"

"The One I Love" S♡1(Completed)Where stories live. Discover now