Part.14

366 34 39
                                    

                              (Part.14)
.

.

.

မိမိရင်ခွင်ထဲ အနမ်းနဲ့ချော့သိပ်ခဲ့လို့ အိပ်စက်သွား
သည့်ချစ်သူအား Minပွေ့ဖက်ထားပေးရင်း တညတာအချိန်တွေကို ကုန်ဆုံးစေခဲ့သည်။
နောက်တစ်နေ့မနက် ဂျူတီပြန်ဝင်ရမည် ဖြစ်သော
ကြောင့် ဒီကလေးငယ်ကို မခွဲချင်သော်လည်း တခဏတော့ သူခွဲရပေဦးမည်။

သူ့ရင်ခွင်ထဲ ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ
မှေးစက်နေတဲ့ ချစ်သူအသစ်စက်စက်လေးရဲ့ ပါးလေး
ကို တယုတယ ငုံ့ကာ Minနမ်းရှိုက်လိုက်သည်။
ထိုစဉ်ပြုံးရိပ် စွန်းထင်သွားသည့် ပါးကလေးက တကြိမ်ထပ်မကသော အနမ်းတွေကိုပေးဖို့ အသံတိတ် တောင်း
ဆိုနေသယောင်။

ဘေးကခေါင်းအုံးကိုဆွဲယူပြီး ‌မှီအိပ်နေတဲ့ ခန္ဓာကိုယ်
ငယ်လေးကို....မိမိ လက်ပေါ်မှတဆင့် ပြောင်းပြီးအိပ်
ခိုင်းဖို့ ပြင်ရသည်။
ထိုအခါအိပ်ပျော်နေသူက တချက်လူးလွန့်ရင်း သူ့လက်‌
ကလေးတွေဖြင့် Min၏ ရှပ်အင်္ကျီကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေပြီ။
ကိုယ့်မှာတခဏတောင် မခွဲချင်လို့ကြိုးစားပြီး အလုပ်သွားရပါမည်ဆို ထိုသို့သောဆွဲငင်အားတွေကြောင့်Min
ပိုအခက်တွေ့ရသည်။
သူ့ရင်ခွင်ထဲက ခွာမရပဲ ပိုပိုပြီး တွယ်ဖက်ထားလေတော့..

"Yarrr.....ဒီကလေးပေါက်လေးကို ဘယ်လိုထားခဲ့
ရပါ့မလဲ?"

ညကမှ ချစ်သူကောက်ရထားတဲ့  Minအဖြစ်က
အသဲတယားယားနဲ့ ထားလည်းမထားခဲ့ချင်...မထားခဲ့
လို့လည်းမရ ဖြစ်နေသည်။
အလုပ်၌လည်း ခွင့်တစ်ရက်ထပ် ပိုမယူခဲ့ဖူးတော့
အလုပ်တာဝန်နှင့် ကိုယ်ရေးကိုယ်တာ မရောထွေးချင်
သူ Dr.Minက ဒီလိုအချိန်တော့..တကယ့်စာအုပ်ကြီးသမား။
ဖြေးဖြေးချင်းပဲ ကိုယ်ပေါ်ဖက်တွယ်ထားတဲ့ လက်လေးတွေကြားက ကြိုးစားရုန်းထွက်ရသည်။
သို့သော်ငြား သူချစ်ရတဲ့ ကလေးငယ်ကတော့ အိပ်စက်
လို့ ကောင်းနေဆဲ။

ထို့နောက်မှ ဂျူတီချိန်နီးနေပြီမို့ Bathroomထဲ အမြန်ပြေးဝင်ပြီး ရေချိုးလိုက်သည်။ရေချိုးပြီး ပြန်ထွက်လာတော့ အဝတ်ဗီရိုထဲက နို့သစ်ခွရောင် shirtလေးအား.. style pantအနက်ရောင်ဖြင့် ဒီနေ့အတွက် ရွေးချယ်ဝတ်ဆင်ဖြစ်သည်။
ဒါကလည်း သူ့ချစ်သူကောင်လေးက အစိမ်းရောင်ဘက်
နွှယ်တဲ့ အဝတ်အစားလေးတွေကို သဘောကျတတ်လို့
Min ဤသို့ ဝတ်ဆင်မိခြင်းသာ။

"The One I Love" S♡1(Completed)Donde viven las historias. Descúbrelo ahora