Part.16

406 41 107
                                    

                             (Part.16)
.

.

Cheonggyecheon streamဘက်သို့ လျှောက်လည်
ရန် အိမ်ပေါ်ထပ်က Hoseokလက်ကိုဆုပ်ကိုင်ပြီး ဆင်းလာတဲ့ Yoongi !
မိဘတွေလည်း အိမ်မှာမရှိတော့ စိတ်လွတ်လက်လွတ်
ချစ်သူ့လက်ကလေးဆွဲပြီး မိုးမမြင်လေမမြင်နဲ့ ပျော်နေ
၏ ။ထိုစဉ်ဧည့်ခန်း၌ အခန့်သားထိုင်နေသည့် ညီငယ်
Sugaနှင့်ပက်ပင်းတိုးလေသည်။သို့သော်လည်း ဟန်မပျက် Hoseokရဲ့လက်ကို လွှတ်‌မပေးပဲ ဆက်လက်ဆုပ်
ကိုင်ထားတော့......

"Hyung...!"

Yoongiကို သတိပေးသလိုခေါ်ရင်း မသိမသာရုန်းထွက်နေတဲ့ Hoseokလက်ကလေးတစ်စုံ!
သူ့ဘက်ကမလျော့ပဲ အားနဲ့ဖိဆွဲထားရင် သူ့ကလေးငယ် နာကျင်သွားမှာစိုးလို့သာ လွှတ်ပေးလိုက်ရ၏။
သတ္တိကြောင်လို့တော့ မဟုတ်တာကို နှစ်ယောက်ထဲရှိမှ 'ကလေး'ကို ပြောပြရဦးမည်ဟု တွေးလိုက်သည်။
ညီငယ့်ရှေ့မို့ 'သူ့ချစ်သူ'အပေါ်ထားတဲ့ စိတ်ခံစားချက်ကို အမြဲတမ်းထိန်းချုပ်နေဖို့ကလဲ ရေရှည်မှာ မလွယ်ကူလှပါ။

"ဒါဘယ်သွားကြမလို့လဲ... Seokie?"

"ဟို...!ငါနဲ့hyung အပြင်သွားစရာလေးရှိလို့!"

"Aww!!.........
'ကိုကို'..ကျနော်နေ့လည်ကပြောထားတဲ့ ကိစ္စ အခုပြောလို့
အဆင်ပြေလား?"

"သိပ်အရေးမကြီးရင် အပြင်က ပြန်လာမှ ပြောပါလား ညီ!...Hoseokကို Cheonggyecheon streamဘက် 'ကိုကို' လိုက်ပို့ချင်လို့!"

'ညီ‌ငယ်'အရမ်းပြောချင်နေတဲ့ စကားကဘာလဲတော့မသိ။
Yoongi စိတ်ထဲမှာ ကြားဖို့ဝန်လေးနေသလိုကြီးဖြစ်
နေလို့ ရသလောက် အချိန်ဆွဲထားလိုက်၏။
အထူးသဖြင့် 'Hoseok'ရှေ့မှာ ပိုမပြောစေချင်!...
အကြောင်းအမျိုးမျိုးကြောင့် 'ကလေးငယ်'စိတ်အနှောက်အယှက် ဖြစ်သွားမှာ သူမလိုလားပေ။
သူတို့ပြောရင် Hoseokလည်း နားထောင်နေမှာဆိုတော့...

"Hoseok...ကားနားမှာ သွားစောင့်နေလိုက်နော်!
Garfieldနဲ့ စကားပြောပြီးတာနဲ့....လိုက်လာခဲ့မယ်!"

"Nae!!.....
Garfield...hyungနဲ့ငါခဏလိုက်သွားဦးမယ်.....
မင်းနဲ့Joonရော သွားစရာရှိသေးလား?"

"ရတယ်..ㅡသွားလေ!...
ငါနဲ့Joonက သူဝယ်ထားတဲ့ ပန်းချီကားသွားယူဖို့တော့ရှိတယ်!...ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားကြတာပေါ့!"

"The One I Love" S♡1(Completed)Where stories live. Discover now