Part.5

438 54 32
                                    

                            ( Part.5)

.

.

.

ခြံရှေ့ကသူငယ်ချင်းဖြစ်သူရဲ့ ခေါ်သံကြောင့်
စားပွဲပေါ် ရှိလုပ်လက်စ Sangpyeonလေးတွေက Garfieldရဲ့ လျစ်လျူရှုခြင်းကို ခံရပြီ။
လက်ကိုကဗျာကယာဆေးကြောပြီး ...ညီရဲ့ခြေလှမ်း
တွေကို အသော့နှင်စေနိုင်သူက ဘယ်လိုတောင်အစွမ်းထက်တာလဲ။
အိမ်ကိုဧည့်သည်လာရင် 'ညီ' ဒီလိုတခါမှ မကြိုဆိုဖူး
လို့ မျက်လုံးထဲ အဆန်းတကြယ်ပင် ရှိလှ၏။

"'ညီ'...သူငယ်ချင်းကို အိမ်ထဲ အလည်ခေါ်ခဲ့ဦး!"

"ဘာလို့ခေါ်မလဲ ကိုကိုရာ...... ရှုပ်ရှုပ်ရှက်ရှက်!"

"သူငယ်ချင်းပဲ ရှုပ်တယ်လို့ရှိမလား....ညီရယ်!"

ရှုပ်တယ်လို့ ပါးစပ်ကသာပြောတာ လူကတော့ဖြင့်
စကားကိုဆုံးအောင်တောင် နားမထောင်ပဲ.....
ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် မပြေးရုံ
တမယ်။
ထမင်းစားခန်းက ထိုင်ခုံတွေဆို သူ့အားကြီးနဲ့ တွန်းဖယ်သွားတာများ ....သက်ရှိသတ္တဝါသာဆို ကျောက်ပတ်တီးပင် စည်းနေရလောက်ပြီ။
ဒါကြောင့်လဲ ဒီလိုမျိုးစိတ်အလောကြီးတတ်လို့
ဒီကောင်လေးကို ဆိုင်ကယ်ထပ်စီးဖို့ ခွင့်မပြုနိုင်သေး
တာပေါ့။ထို့နောက် ညီငယ်Garfieldအပြေးကြိုရသူ'Seokie'အကြောင်း သိချင်စိတ်ကမအောင့်နိုင်တော့....

"ဖွား.... Seokieဆိုတဲ့ ညီ့ရဲ့ သူငယ်ချင်းကို
ဖွားသိလား!"

"Seokie... Seokie!...
ဟင့်အင်း...ဖွားဒီနာမည်ကိုတော့ မရင်းနှီးသလိုပဲ!
ဖွားအချစ်မှာ Namjoonလေးအပြင် သူငယ်ချင်း
ထပ်ရှိသေးတာလား!"

"ကျနော်မသိလို့ ဖွားကိုမေးကြည့်တာ!...
Garfieldအိမ်ထဲခေါ်လာမှ ကြည့်ကြတာပေါ့!"

"အေးပါကွယ်...ဖွားမြေးMinပဲ ညီလေးရဲ့ သူငယ်ချင်းတွေကို ဧည့်ခံလိုက်ဦး !...
ပြီးရင် ထမင်းပါ တစ်ခါတည်း ခေါ်ကျွေးကြမယ်!"

"ဟား ဟား...ဖွားကလုပ်ပြီ!...
ဧည့်သည်က အိမ်ထဲတောင် ဝင်မလာသေးဘူး...
ကျွေးဖို့မွေးဖို့က ပြောနေပြီ!"

"The One I Love" S♡1(Completed)Where stories live. Discover now