Part.33

246 20 43
                                    

                            (Part.33)
.

.

Hotelအခန်းထဲ၌  Laptopတစ်လုံးနဲ့ အလုပ်ရှုပ်
နေတဲ့CEO Min!
Blooming dream wineအမြန်ဆုံးထုတ်လုပ်
နိုင်ဖို့ Parisရောက်ထဲက မနေမနား ကြိုးစားလို့
နေသည်။အလုပ်ထဲ အတွေးများလာလေ အရင်လို..
စီးကရက်လေး တဖွာဖွာလုပ်ချင်လေ ဖြစ်လာ၏။
ထိုသို့မသိစိတ်က ဆွဲခေါ်နေသော်လည်း စိတ်အလိုမ
လိုက်ချင်ပါ။ထို့ကြောင့် စီးကရက်သောက်မည့်အစား  Coffeeတခွက်သောက်ဖို့ပဲ သူဆုံးဖြတ်လိုက်၏။

သူဖုန်းဆက်မှာပြီး သိပ်မကြာလိုက် အခန်းတံခါးဝဆီမှ တံခါးခေါက်သံကြားလိုက်ရသည်။Min Sugaတံခါး
သွားဖွင့်ပေးတော့ အခန်းထဲ ဝင်လာသူက Manager
Han!
လက်ထဲတွင်တော့ Ice Americano coffeeလေးတစ်ခွက် ကိုင်၍ထားသည်။ထို့အပြင် ဖဲကြိုးများဖြင့် အလှဆင်ထားတဲ့ စပျစ်သီးခြင်းလေးတစ်ခြင်းကိုပါ  ကိုင်ဆောင်လို့ထားသေး၏။

တံခါးဖွင့်ဖွင့်ခြင်း မန်နေဂျာလက်ထဲက Coffeeခွက်ကို
လှမ်းယူရင်း အခြားလက်တဖက်က လက်ဆောင်ခြင်း
သို့ အကြည့်ရောက်မိသည်။
ကျယ်ဝန်းတဲ့ Hotelအခန်းရဲ့ စားပွဲပေါ်၌ ထိုစပျစ်ခြင်းလေးကို မန်နေဂျာHanက တင်လိုက်စဥ်မှာတော့....

"ဒါကို ဘယ်ကဝယ်လာတာလဲ?...ကျနော်လည်း...
မမှာမိပါလား?"

"ကျနော်ဝယ်လာတာ မဟုတ်ဘူးလေ...CEO!
ချာတိတ်လေးတစ်ကောင်...... လာပေးသွားတာ!"

"ချာတိတ်လေးတစ်ယောက်...လုပ်စမ်းပါဗျာ!"

"အာ...ဟုတ်သားပဲ!
ပြောချင်စိတ်လောသွားလို့!....
ချာတိတ်လေးတစ်ယောက်လာပေးသွားတယ်လို့...
ပြောချင်တာ!"

"ခင်ဗျားရဲ့ အသိလား?
Parisရောက်တဲ့အထိ မိတ်ဆွေအပေါင်းအသင်းရှိတယ်
ဆိုတော့...ဘယ်ဆိုးလို့လဲ!"

"ခင်ဗျာ??
အဲ့ဒီစကားက ကျနော်ကCEO ကို... ပြောရမှာ!"

"ဘာဖြစ်လို့လဲ?
ကျနော်မှ ...Parisမှာ မန်နေဂျာHanလို အသိမရှိတာဗျာ!"

"အဲ့ကောင်လေးက CEO fanလို့ပြောပြီး Reception
မှာပေးခဲ့တာ!အဲဒါကြောင့် ကျနော်သွားဆင်းယူပြီး...
CEOဆီ တခါတည်းယူလာပေးတာ!"

"The One I Love" S♡1(Completed)Where stories live. Discover now