Part.7

395 52 11
                                    

       
                             (Part.7)
.

.

.

ဆောင်းဦးရဲ့လေပြေလေးတွေ ကျီစယ်ခံရလို့
အေးချမ်းတာက 'ကလေး'ကိုတွေ့ရမယ်ဆိုတဲ့.....
အသိရဲ့အေးချမ်းမှုကို မှီနိုင်မယ်မထင်ဘူး။
အပြင်ဘက်မှာ သဘာဝတရားကြီးက ရာသီဥတုတွေအလှည့်ကျ ပြောင်းလဲနေရင်တောင်....
ချစ်ရသူကတော့ ကျနော့်ရင်ထဲမှာအေးချမ်းတဲ့ ဆောင်းရာသီတစ်မျိုးတည်းကိုပဲ ဖန်ဆင်းပေးခဲ့တယ်။

မျက်နှာမြင်‌ချစ်ခင်ပါစေဆိုတဲ့ ရှေးဘဝက ဆုတောင်း
များပြည့်ခဲ့သလား ?..အပြုံးတစ်ပွင့်ခြွေချရုံနှင့်ပင်
မချစ်တတ်သေးတဲ့ ကျနော့်နှလုံးသားက 'ကလေး'
ရှေ့မှာ ဦးညွတ်ချလိုက်ပြီ။
သူပိုင်တဲ့နှလုံးသားလေးက တဒိတ်ဒိတ်ပိုမို လှုပ်ခတ်
ရင်း အိမ်လေးထဲမျှော်ကြည့်မိတော့....အစ်ကိုဖြစ်သူ
Daehyunနဲ့အတူ  ကျနော်ရှိရာဆီ လှမ်းလျှောက်လာ
နေတဲ့ 'ကလေး'!

"Min...မင်းကိုမိတ်ဆက်ပေးဖို့ ကျန်နေတဲ့သူရှိလို့....
ဒါငါ့ညီ........'Jung Hoseok'!"

"Mannaseo bangawo...Hoseok!"

"'ညီ'.....သူက ကိုကို့သူငယ်ချင်း 'Min Yoongi'!

"Hyung??...
တကယ်Yoongi Hyungလား?...
ကျနော်က ရုပ်ဆင်တယ် ထင်မိတာဗျ!"

ချစ်စရာကောင်းတဲ့ မျက်ဝန်းဝိုင်းလေးတွေနဲ့
'ကလေး'ငယ်ဆီက အကြည့်ခံရတာ မှတ်မှတ်ရရ
ဒါနဲ့ဆို သုံးကြိမ်ရှိခဲ့ပြီ။ဖိနပ်လက်ဆောင် ဝယ်ပေး
ခဲ့စဉ်က တစ်ကြိမ်၊မနက်ကပြန်ဆုံတော့ တစ်ကြိမ်၊
အခုတစ်ကြိမ်ရယ်ပေါ့။
သူ့အစ်ကိုDaehyunက 'သူ့လူကိုယ့်ဘက်သား'ဖြစ်
နေတာကို...မသိတဲ့ 'ကလေး'က ကျနော့်တွေ့တိုင်းပဲ
အံ့ဩနေတော့မှာလား။ကျနော့်မှာ ဘယ်လိုဆက်ပြီးသရုပ်ဆောင်ရမှန်းပင်မသိတော့ ။
ဟိုကောင်Daehyunရုပ်တည်ကြီးနဲ့ သရုပ်ဆောင်နေသည်ကလဲ Grammyတောင် ပေးချင်ရင် ပေးလို့
ရတဲ့skillပဲ။

"ဟုတ်ပါတယ် ... တကယ့်Yoongi စစ်စစ်ပါ!"

"Min!...ငါ့ညီနဲ့မင်းက သိနေတာလား!!"

"အေး...လွန်ခဲ့တဲ့ တစ်နှစ်ကျော်က 'Jung Hoseok'
လို့စသိခဲ့တာ!...Jung Daehyunရဲ့ ညီ,ဆိုတာတော့
ဒီညမှသိတာ ဆိုပါတော့!..."

"The One I Love" S♡1(Completed)Where stories live. Discover now