မောင့်ရဲ့ပျိုး (3)

Start from the beginning
                                    

ပျိုးသည်တောင်းပန်ရန်ဆုံးဖြတ်ထားပါသည်။ပိုင်ရှင်မသိသေးဘဲအခန်းထဲကိုဝင်လာတာသူမဟုတ်လား... သို့ပေမဲ့လူကိုမြင်ကတည်းကမျက်မှောင်ကြီးတွန့်ချိုးပြီးအထက်စီးဆန်ဆန်ပြောလာသူကြောင့်ပျိုး‌ထိုကောင်လေး၏စကားအားပေတေတေနှင့်အရေးမစိုက်သလိုပြန်ပြောလိုက်သည်ရောင်းသူဝယ်သူအသံတူသင့်သည်မဟုတ်လား?....

"မင်း..အင်္ကျီမဝတ်မချင်းငါဘာမှမပြောနိုင်ဘူး!.."

"ခင်ဗျား!!...ဟူး....okကောင်းပြီ"

ဝဠာသည်လည်းစကားအများကြီးမပြောချင်တော့တာကြောင့်ထိုလူပြောတဲ့အတိုင်းအင်္ကျီတစ်ထည်အမြန်ကောက်ဝတ်လိုက်သည်။ထို့နောက်.....

"ကဲ... ခင်ဗျားဘယ်သူလဲဆိုတာပြောလို့ရပြီလား"

ထိုအခါတစ်ဖက်ကိုလှည့်ထားသောထိုလူသားဟာသူ့ဘက်သို့အင်္ကျီဝတ်ပြီးပြီလားဆိုတာသိရအောင်အကဲခတ်သလိုဖြင့်ချောင်းကြည့်လာသည်။ဝဠာ့ကိုယ်ပေါ်မှာအင်္ကျီရှိတာသေချာပြီဆိုမှတစ်ကိုယ်လုံးလှည့်လာပြီးဝဠာ့ထက်မလျော့သောလေသံနှင့်ပြောလာသည်။

"ငါကမင်းကိုစာသင်ပေးရမယ့်ဆရာမပဲ!!"

"ဆရာမ? ဟုတ်လား..."

ဝဠာသည်ရှေ့မှလူကိုကြည့်ကာအံ့ဩနေမိသည်။ဘယ်လိုပဲမိန်းကလေးလိုဝတ်ဆင်ထားပြီးဆံပင်ရှည်တွေရှိ‌ေနသည်ဆိုသော်ငြားသူ့ရှေကသေးသေးညှက်ညှက်ထိုလူသားဟာမိန်းကလေးအဝတ်အစားတွေဝတ်ထားသည့်ယောက်ကျားလေးနှင့်တူနေသည်။ဝဠာသည် ရပ်နေသောနေရာမှသုံးလေးလှမ်းလောက်လျှောက်လိုက်ပြီးဆရာမဆိုသောထိုလူ၏မျက်နှာရှေ့သို့ငုံ့မိုးကြည့်ကာမေးလိုက်သည်။

"ခင်ဗျား...မိန်းကလေးအစစ်ရောဟုတ်ရဲ့လား?..."

ဒုတ်!..ဒုတ်!!.ဒုတ်!!!..

ဘာလဲ...? ဒီလောက်အချိန်မြန်မြန်ကြီးထိုကောင်လေးသူ့ကိုရိပ်မိသွားတာလား။ပျိုးနှလုံးခုန်သံများမြန်လာသည်။မဖြစ်ဘူး.. သူဒီအလုပ်ကိုဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ်ဆွဲထားရမည်။ပျိုးဟန်မပျက်နေလိုက်ပြီးထိုကောင်ဆိုးလေး၏ခေါင်းကိုတစ်ချက်ခေါက်ကာနီးကပ်နေသောရင်ဘတ်အားတွန်းလွှတ်လိုက်သည်။

မောင့်ရဲ့ပျိုးWhere stories live. Discover now