မောင့်ရဲ့ပျိုး (2)

Start from the beginning
                                    

"ငါ့ကြီးတော်ကြီးလင်နောက်လိုက်သွားရင်တောင်ဆိုင်းတွေဗုံတွေတီးပြီးလိုက်ပို့လိုက်အုံးမယ်...အခုကကွာ!!.."

ဟူး!....

ဝဠာသက်ပြင်းရှည်ကြီးတစ်ချက်ချကာဝဿန့်အားဖြစ်သမျှအကြောင်းစုံကိုပြောပြလိုက်တော့သည်။

"ဒါများကွာ... ခါတိုင်းလည်းမင်းFatherကြီးပြောသမျှကိုဘယ်ဘက်နားကဝင်ပြီးညာဘက်နားကထွက်တဲ့ကောင်ကအထူးအဆန်းလုပ်လို့လာညစ်ပြနေသေးတယ်...."

"အခုကဘယ်ဘက်ကမှပြန်ထွက်လို့မရတော့လို့ပေါ့ဟ!..မိုးဝဿန်ရ အခန့်မသင့်ရင်တသက်လုံးဘုန်းကြီးဝတ်ရမဲ့ကိန်းကွ၊ ခနလေးလဲမဟုတ်တသက်လုံးကြီးကို...."

"အဲ့တော့လဲငါက..ဆွမ်းတို့ လှူဖွယ်ဝတ္ထုအစုံလာကပ်ပေးမှာပေါ့။ငါ့သူငယ်ချင်းကဂတုံးနဲ့လဲလိုက်မယ်ထင်တယ်ဝတ်ကြည့်လိုက်ပေါ့ကွာ..ဟား!ဟား!!"

"လဒကောင်!!..ဒါဆိုလည်းမင်းဝတ်ကြည့်လိုက်လေ..တစ်သက်လုံး!"

"ဟာ...တော်စမ်းပါကွာ..ငါ့ဟာငါအေးအေးဆေးဆေးနေပါရစေ။ဒါဆိုလည်းအရင်ကဆရာတွေကိုပြောသလိုမင်းကGayပါဆိုပြီးအီစီကလီလုပ်လိုက်လေ...အဲ့နည်းကတကယ်ထိရောက်တယ်မလား?ငါမှတ်မိသေးတယ်မင်းရဲ့နောက်ဆုံးဆရာတစ်ယောက်တုန်းကအတင်းပွတ်သီးပွတ်သပ်တွေလိုက်လုပ်ပြီးကျွန်တော်ဆရာ့ကိုအရမ်းချစ်နေပါပြီဆိုပြီးပြောလိုက်လို့အဲ့ဆရာခဗျာခွေးပြေးဝက်ပြေးကိုပြေးသွားရတာမလား..ဟား!.ဟား!!"

"အရင်တုန်းက‌ေယာက်ကျားလေးတွေမလို့လုပ်လို့ရတာ ...အခုလာသင်မဲ့သူကိုသာအဲ့လိုသွားလုပ်ရင်ပါးပဲအချခံရမလား?ကာအိန္ဒြေပျက်ပြားမှုနဲ့jayထဲမှာမင်းသူငယ်ချင်းကိုလာတွေ့နေရမယ်...အခုစာလာသင်မဲ့သူကအမကြီးကွ!!အမကြီး!!.."

"အဲ့တော့လည်းဘာဖြစ်လဲ.. စာလည်းသင်ရင်းမမနဲ့မောင်လေးအချစ်ဇာတ်လမ်းလေးဖန်လိုက်ပေါ့ကွာ!"

"တော်စမ်းပါကွာ!!"

"အဲ့လိုဆိုငါလည်းမကြံပေးတက်တော့ဘူးကွာ..ဘာပဲပြောပြော‌ေနာက်ညတွေမင်းအပြင်ထွက်ဖို့သိပ်အဆင်မပြေတော့ဘူးမလား..ဒီညတေ့ာအပြတ်ကဲသွားကွာ!.."

မောင့်ရဲ့ပျိုးWhere stories live. Discover now