"စမ်းသပ်မှုကို ကျရှုံးတယ်...ဆိုလိုချင်တာက ငါလည်း ရှုံးဖို့ ကံပါလာတယ်ပေါ့"
လင်းချီက ပြောင်ချော်ချော်လုပ်၍ ပြောလိုက်သည်။
လူသာလည်း မျက်ရည်များ သုတ်လိုက်ပြီး ခေါင်းမော့ကာ "သခင်လေးကော စမ်းသပ်မှုမှာ ပါ၀င်နေတာလား"

"ဟုတ်တယ် ငါတို့အားလုံး လေနက်ခံတပ်ကို ဦးတည်နေကြတာ ဒါပေမဲ့ မင်းက ပြိုင်မဲ့‌သူတွေ အားလုံးကို ဖမ်းလိုက်တော့ ငါလည်း လာကယ်ရတာပေါ့"

ထိုစကားကိုကြားတော့ လူသာ ခေါင်းငုံ့လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ "ကျုပ် တကယ်ကို တောင်းပန်ပါတယ် သခင်လေး လင်းမိသားစုရဲ့ လက်အောက်ခံ တစ်ယောက်အနေနဲ့ သခင်လေးကို ဒီလို ဆက်ဆံမိတဲ့ အတွက် တကယ်ကို နောင်တရမိပါတယ်....."
သူ့အမှားကို သိသွားတော့ လင်းချီလည်း သူ့ကို ခွင့်လွှတ်လိုက်သည်။ သို့သော်လည်း သူ့ကို သတိတော့ ထားဆဲပင်။

"မေ့လိုက်တော့ ...ငါတို့လည်း ဘာမှ ဆုံးရှုံးသွားတာမှ မဟုတ်တာ ဒါပေမဲ့ လင်းမိသားစုရဲ့ လက်အောက်ခံလူတစ်ယောက်အနေနဲ့ ခုလို တောင်ဓားပြလုပ်နေတာက မိသားစုရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်"

"နားလည်ပါပြီ"
လူသာ အံကြိတ်လိုက်ပြီး ဓားကို သူ၏ လည်ပင်းပေါ်တွင် တင်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အသက်စွန့်ရဲသော အကြည့်များဖြင့် "ကျုပ် တောင်းပန်ပါတယ် သခင်လေး ကျုပ် လင်းမိသားစုကို အရှက်ရစေမိပြီ ဒါကြောင့် ကျုပ်ရဲ့ လုပ်ရပ်အတွက် အကျိုးဆက်ကို ပေးဆပ်ဖို့ အချိန်ပဲ.... "

"နေဦး...နေဦးဟ"

လင်းချီ သူ့ကို အလျင်အမြန် တားလိုက်ရသည်။ သူယခုအခြေအနေကြောင့် ရယ်ရအခက် ငိုရအခက်နှင့် "အဲ့လောက်ထိ လုပ်စရာမလိုပါဘူး ငါက မင်းကို လင်းမိသားစုစီ ပြန်ပြီး တာဝန်ထမ်းဆောင်စေချင်ယုံတင်ပါ"

"ဒါ...ဒါပေ...မဲ့"

"အဆင်ပြေပါတယ် ငါက အငြိုးထားတတ်တဲ့သူ မဟုတ်ဘူး ပြီးတော့ မင်းက သန်မာတယ် တကယ်လို့ မင်းသာသေသွားမယ်ဆိုရင် လင်းမိသားစုအတွက်လည်း ဆုံးရှုံးမှုပဲ ဒီလိုလုပ် မင်းငါ့ကို စမ်းသပ်မှုမှာ ကူညီပါလား"

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now