မြေပုံလမ်းကြောင်းနောက်လိုက်ရင်း လင်းချီစိတ်ပေါ့ပါးနေသည်။ သီချင်းလေးညည်းရင်း ပေါ့ပါးစွာ လမ်းလျှောက်နေခဲ့သည်။

သို့သော်လည်း မကြာမီတွင် မတော်တဆ ဖြစ်ရပ်တစ်ခုနှင့် ကြုံခဲ့ရသည်။

လင်းချီ တောင်ခြေသို့ လျှောက်သွားလိုက်သောအခါ ရွှံ့ထူသောလမ်းကို တွေ့လိုက်ရသည်။ထိုလမ်းပေါ်တွင် လူများစွာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ခဲ့ဟန် တူသည်။ထို့နောက် လင်းချီ ကျကျန်နေခဲ့သော သံချပ်ကာ အစိတ်အပိုင်းတစ်ချို့ကို တွေ့လိုက်ရသည်။ အစောင့်ခေါင်းဆောင်က သံချပ်ကာကို ဂရုတစိုက် စူးစမ်းလိုက်ပြီးနောက် မျက်နှာ အမူအရာမှာ ချက်ချင်း မဲမှောင်သွားသည်။

"ဒါ...ဒါ ယွီမိသားစုအ‌စောင့်တွေရဲ့ သံချပ်ကာပဲ "

သူပြောပြီး မကြာမီ အစောင့်များအားလုံး မျက်နှာဖြူဆုတ်သွားကြပြီး ကြောက်လန့်၍ တုန်ရီနေကြတော့သည်။

လင်းချီ မေး‌စေ့ကိုထိ၍ ပတ်၀န်းကျင်ကို တစ်ချက်စူးစမ်းလိုက်သည်။

ယွီမိသားစုရဲ့ သံချပ်ကာတွေက သည်မှာ...ဒါပေမဲ့ လူတွေက ဘယ်မှာလဲ

လင်းချီ ပို၍ စိတ်ပူလာသည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး "ဒီမှာ တစ်ခုခု ဖြစ်ခဲ့ပုံဘဲ..ဒါပေမဲ့ ဖြစ်တဲ့ အချိန် ငါတို့လည်း ရှိမနေတော့ သဲလွန်စက ရှာလို့မရဘူး..."

ထိုအချိန်တွင် ကင်းထောက်လွှတ်ထားသော အစောင့်တစ်ယောက်မှ အော်၍ပြေးလာသည်။
"တောင်ပေါ်မှာ ဓားပြတွေရှိတယ်....တောင်ပေါ်မှာ ဓား‌ပြတွေ....."

"ဘာကြီး....ဓားပြတွေ?"

အစောင့်ခေါင်းဆောင်မှာ ဝိရောဓိဖြစ်သွားပြီး လင်းချီကို မေးလိုက်သည်။"သခင်လေး တောင်ပေါ်မှာ ဓားပြတွေ ရှိတယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ"

"ကျွန်တော်ကတော့ အခြားလမ်းကနေသွားဖို့ အကြံပြုချင်တယ် ယွီမိသားစုရဲ့ သံချပ်ကာတွေ တွေ့ရပုံထောက်ရင် သေချာပေါက်သူ့တို့ အသတ်ခံလိုက်ရပြီပဲ"

လင်းချီ ခေါင်းငြိမ့်လိုက်သည်။"အမှန်ဘဲ...ဒီယွီမိသားစုရဲ့ အစောင့်တွေက သေချာရွေးချယ်ထားတဲ့ လက်ရွေးစင်တွေ သူတို့တောင် ဓားပြတွေ လက်ထဲ ကျဆုံးသွားတယ်ဆိုတော့ ငါစိုးရိမ်မိတာက အဲ့ဓားပြတွေက အရမ်းသန်မာတဲ့ စစ်သည်တစ်အုပ်ဖြစ်‌နေမှာကိုပဲ"

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now