''မမစုက နတ်ကတော်တဲ့လား''

''အေးလေ ရွာထဲက နတ်တင်ဖို့ဆို
တင်စုပါမှ ပြီးတာ ဘာလဲ ညည်းက
နတ်ကို မယုံတာလား''

''မဟုတ်ပါဘူး မမစုရယ်
ဦးကျော်ရင်ကို သတိရမိလို့ပါ
အခုချိန်ဆို ဦးကျော်ရင်ကြီး
သိုက်နန်းမှာ ရှိနေမှာပေါ့နော်''

''ညည်းနတ်ကတော် လုပ်မလား''

''အိုတော် မလုပ်ချင်ပေါင်''

''ဒါတော့ ညည်းသဘောအေ ကဲ နေလည်း
မြင်​ပြီ ၊ ဟော့ ညည်းသမီးလည်း နိုးပြီတော်ရေ
ပြန်ကြအုံးစို့ တကယ်လို့ ငါ တောမှာ မရှိလည်း
လာခူးနော်၊ ဟိုးဘက် ခြံစည်းရိုးတန်းဆို
ဆူးပုပ်လေးတွေ ရှိတယ် အဲ့တာလည်း ခူး
တစ်ခုတော့ ရှိတယ်အေ ငါ့အိမ်တော့
တစ်ထုပ်တစ်ဆုပ် လာပို့အေ''

''အို ဒီလောက်သဘောကောင်းတာ
မမစု ခိုင်းချင်တာရှိရင် ကျွန်မကို ခေါ်နော်
ကျွန်မ လုပ်ပေးပါ့မယ်''

''အမလေး ရပါတယ်အေ ၊ ညည်း ဝမ်းနည်း
မှာစိုးလို့ မပြောတာ ငါ့သူငယ်ချင်းကြီး
ကိုကျော်ရင်ကလေ တအား စိတ်ကူးယဥ်
ဆန်တဲ့ လူအေးကြီးအေ့ သိုက်ကလာတယ်
ပြောတော့ ငါပဲ ယုံပေးတယ် အခုတော့
တစ်ရွာလုံးကို သူက သက်သေပြသွားပြီပေါ့
ငါ ရွာသာမပြန်ခဲ့ရင် အခုလို ဖြစ်မှာ မဟုတ်
ပါဘူးလေ''

မမစု ဆေးလိပ်ကြီးကို ဖွာရင်း ထသွား
လေသည်။ လှန်ထားတဲ့ နွား ချည်တိုင်
ငုတ်တွေကို ခနဲ့ နှုတ်ရင်း နွားတွေကို
ဆွဲလို့ ပြန်သွားလေတော့သည်။

ကြမ်းပြင်မှာ အမေမှန်းသိကာ ပြုံးပြ
နေလေတဲ့ သမီးလေးကို မြင်တော့
ပွေ့ကာ ပိုက်လို့ ငိုမိတော့သည်။

ဦးကျော်ရင်ကြီး သိပ်ဆိုးသည်။
လူကို ချစ်အောင် သင်ပေးခဲ့ပေမဲ့
မေ့ဖျောက်တတ်ဖို့ မသင်ပေးခဲ့။
ငယ်ရွယ်သူရဲ့ နှလုံးသားက ကြာလေလေ
နာလွန်းလို့ အချစ်သွေးတစ်စက်တစ်စက်
တစ်ပေါက်ပေါက် ကျနေလေရဲ့။

အမလေး ဦးကျော်ရင်ရဲ့။

ရင်တွင်း ရှိုက်ညီးသံက ပဲ့တင်ထပ်
ခဲ့လေသည်။

''ဗုန်း ဗုန်း''

''ဟဲ့ လှလေးပို တံခါးကို အခုဖွင့်
အေး မဖွင့်ရင် ဓားနဲ့ ခုတ်ပြီး ဝင်မှာနော်''

Love + Love [Normal Fiction]Where stories live. Discover now