part12(zawgyi)

2.5K 28 4
                                    

Love + Love
|Author Blackclock

        အသွေးမြတ် ပြေးမယ်ကြံလေတော့
မရ။ ရစ်ပတ်လာခြင်း ခံလိုက်ရတဲ့နောက်
အသည်းအူတို့ လွင့်စင်မတက် ထိတ်လန့်
နေမိလေသည်။

  သို့ရာတွင် သူမ မြင်ခဲ့သလို မြွေကြီးတစ်
ကောင် သက်သက် မဟုတ်လေတော့……
     ဦးညှို့နက်……
အပေါ်ပိုင်းကိုယ်က သူမ သိပ်ချစ်ရပါသော
လူသား တစ်ယောက်……

  မြွေတစ်ပိုင်းလူတစ်ပိုင်း မိစ္ဆာ ဦးညှို့နက်။

      " သွေး……"
  ဟင်……။ ဦးရဲ့ ခေါ်သံ။

     ဟုတ်တယ်။ ဦး ခေါ်လိုက်တဲ့အသံ။ အသေ
အချာ ဦး မျက်နှာကလေးကို အနီးကပ်ကြည့်မိ
လေမှ မျက်ရည်ဝဲနေလေတဲ့ ဦး။ ဦး ငိုချင်နေ
သလိုလို သိမ်ငယ်နေသလိုလို မျက်ဝန်းအကြည့်
တွေနဲ့။

       အမြီးနဲ့ ညစ် ရစ်ပတ်ထား
တဲ့ သွေးအနား တိုးကပ်လာချိန်
သွေး ပါးကလေးတွေကို ဦး ကိုင်
လာတော့ ချွဲကျိကျိ အေးစက်စက်
အထိအတွေ့။ လုံးဝန်းတဲ့ မျက်ဆံ
တွေအစား မြွေတစ်ကောင်မျက်ဆံ
တွေနဲ့ နီရဲခြစ်နေတဲ့ ဦး မျက်ဝန်း
တွေက ကြောက်လန့်ဝံ့စရာ။

    " ကြောက် ကြောက်တယ် ဦး သွေး
သွေးကို တကယ်သတ်တော့မလို့လား
ဟင်…၊ သွေးကို ချစ်တယ်မဟုတ်လား
ဟွန် ဟွင်လို့ ဦး ဦး……"

  "ရှူး……"

   အသွေးမြတ် ခပ်ဆူဆူ အထိတ်တလန့်
ပြောနေလေတော့ နှုတ်ခမ်းလေးအထက်
ဦး လက်ညှိုးကလေးက ထိတွေ့လို့ တိုး
တိတ်စေသည်။

    " ဦးရဲ့ မိန်းကလေးကို ဦး မသတ်ပါဘူးကွ"တဲ့။

   မျက်ခွံတစ်ချက် ဦး မှိတ်ချလိုက်တဲ့နောက်
ပြေလျော့သွားလေတော့ ဦးရဲ့ မြွေအမြီး။ ပြောင်း
သွားတဲ့နောက် ခြေထောက်တို့နဲ့ လူတစ်ကိုယ်
လုံးပုံစံ ပြန်ပြောင်းသွားလေတဲ့အခါ ကိုယ်တုံး
လုံးဖြစ်နေလေသော ဦး။

  " အဟင့် ဦး……"
    အသွေးမြတ် ပြေးကာဖက်ထားလေ
တော့ ဦးညှို့နက် ပြန်လည် ပွေ့ဖက်
ထားလေသည်။
  သို့သော် သူမ ဦးညှို့နက်ကို တခဏတာ
ဖက်ထားရာမှ ခွာလိုက်ချိန် ရင်ဘတ်ကို ဖိ
နှိပ်နေလေတဲ့ ဦးညှို့နက်……

Love + Love [Normal Fiction]حيث تعيش القصص. اكتشف الآن