အခန်း ၈
စာကြည့်တိုက်ထဲသို့ မိန်းမပျိုနှစ်ဦးခမြာ
အတည်တကျမရှိ။ ရှာသူကရှာ လှန်လှော၍
နေမထိထိုင်မသာ ဖြစ်သူကဖြစ်နှင့်ပင်။" ဝသန် မတွေ့သေးဘူးလား ဟ ဟင် "
"ရှာနေတာပဲဟာ တွေ့မှ မတွေ့ပဲ၊
စံပယ် ပြန်အပ်တဲ့ စာအုပ်တွေက
လည်း များသားမလား"" အဲ့ဒီစာအုပ်ကို ပြန်ငှားသွားတာများလား "
"အေး အဲ့တာလည်း ဖြစ်နိုင်တာပဲ၊
စာကြည့်တိုက်မှူးပြောလို့သာ ရှာ
နေရတယ် သူ့သေချာ မေးဦးမှဟယ်
နော် ဘယ်လိုလဲ"" ဝသန် နင်မေးပေးပါဟာ နော် "
"အေးပါဟယ် လာ သွားမယ်"သူငယ်ချင်းနှစ်ဦးသား ဆေးရုံကနေ
တိုက်ရိုက်အပြေးလာကာ ရှာလိုဇောသာ
လောနေ၍ အကြံမပေါက်ခဲ့။" အစ်မ အဲ့ဒီစာအုပ်လေးကို ငှားသူ
စာရင်းကလေးမှာ တစ်ချက်လောက်လေး
စစ်ကြည့်ပေးပါ့လား ရှင်နော်၊ ဝသန်တို့
အရေးတကြီး လိုနေလို့ပါ""ခ ဏ နော်"
စာကြည့်တိုက်က စာရေးမကား မျက်မှန်ကို
အပီအပြင်တပ်ကာ လက်ညိုးဖြင့်ထောက် ၍
အတိအကျ ထောက် ရှာနေလေသည်။ဝသန်
တို့မှာလည်း ရင်တမမ။ အကယ်၍သာ ထို
စာအုပ် အခြားသူတစ်ဦးထံ ရောက်သွားခဲ့လျှင်
စံပယ်လို အဖြစ်ဆိုးပေလိမ့်မည်။ဟင်……ဒီလူ အွန်း ငါမြင်ဖူးနေသလိုပါ့လား။
မြူနှင်း ဝသန်မေးနေစဉ် စာကြည့်တိုက်
ထဲက ထွက်သွားသော ကောင်လေးကို တ
ရင်းတနှီး သိနေသလိုမို့ အပြေးလေး လိုက်
ကာကြည့်မိလေသည်။ သို့သော်အမီပြေးထွက်
ခဲ့သော်လည်း အပြင်ရောက်သည့်အခါ ထိုလူ
အား မတွေ့ရလေတော့။စိတ်ထဲ ကလိကလိဖြင့်
သာ ကျန်နေခဲ့လေသည်။"ဟဲ့ ဟဲ့ မြူနှင်းမ နင် ဘယ်ပြေးတာတုန်း"
"ဟယ် အဟင်းဟိုဒင်း အဆင်လေးတစ်ယောက်
ကို တွေ့လို့ အသိများဖြစ်နေမလားဆိုပြီး လိုက်
သွား ကြည့်တာ""မြူနှင်းနော် မယွနဲ့တော့ ညည်းဟာမလေး
ဆေးရုံမှာ အခုထိ မေ့နေတုန်းဆိုတာလည်း
သိထားဦး""အေးပါ အေးပါဟယ် ဒါနဲ့ ဘာတဲ့လဲ"
"ငါထင်ထားတဲ့ အတိုင်း စာအုပ်က
တခြားတစ်ယောက် ငှားသွားပြီ"
VOUS LISEZ
Love + Love [Normal Fiction]
Roman d'amour[Completed- Season one & two] Author... Blackclock