p2/S3(Z&U)

1K 9 0
                                    

part 2
*****
အခန်း 2

" ဇုရေ"
     "ဗျာ လာပြီ မာမီ"

   ဇုသွဲ့ မာမီခေါ်၍ ပြေးလိုက်မိသည်။သောင်
ကမ်းစပ်တွင် မာမီနှင့်အတူ လမ်းလျှောက်နေစ
မြဲမို့။မာမီဆီ မီအောင်လိုက်ကာ မာမီလက်နွေး
နွေးလေးကို ကိုင်ထားမိသည်။မာမီနှင့် အတူတွဲ လျှောက်မိတော့ ဇုသွဲ့အရပ်က မာမီ ခါးနားဝန်း
ကျင် လောက်သာ ။

   " ဇု ဘာလို့ ရေတွေဆော့နေတာလဲ၊ နေတောင်
  စောင်းနေပြီလေ၊ သား မအေးဘူးလား"
    " ဟင့်အင်း၊ ပင်လယ်ရေလေးတွေကို
     သား သိပ်ချစ်လို့ပါ"
" ဟွန့် သားကလည်း ကဗျာဆန်လိုက်တာ"
     " ပင်လယ်ရေနဲ့ ပင်လယ်ကြီးကို ချစ်ရင်
   ကဗျာ ဆန်တယ်လို့ ခေါ်တယ်လား မာမီ"

"ဟော လုပ်ပြီ၊ မာမီက ဇုကို စကားအဖြစ်သာ
ပြောတာပါကွယ်၊ လာပါကွယ် အေးလာပြီ"

  " စိမ့်ရုံလေးပါ "
"လာပါဆိုကွယ်"

     မာမီ ဇုကို ပွေ့ချီကာ ခေါ်မှ အိမ်လေးထဲသို့ ရောက်လာခဲ့သည်။အိမ်ရောက်တော့ တိတ်ဆိတ်
စွာ။ ပင်လယ်က ရေလှိုင်းသံတို့ကို ကြားနေရသည်
အထိ။အိမ်မှာ ဒယ်ဒီ မရှိတာ ကြာခဲ့ပြီ။ခဏတာ တွေ့
ခဲ့ပြီးနောက် ဒယ်ဒီ ဇုတို့ သားအမိကို ထားခဲ့တယ်
လို့ပဲ ဇု သိခဲ့ရသည်။အခုဆို ဇု အသက် ၁၀နှစ်ပြည့်
လုတော့မည်။ရက်အနည်းငယ်သာ ကျန်တော့သည်။
ထိုအချိန် ဇု မာမီကို ထားခဲ့ရတော့မည်။

  " ဟင် "
    ဇု အိပ်ရာလေးပေါ် လှဲအိပ်တော့ အိပ်မပျော်။
ခေါင်းလေး ဟိုလှည့်ဒီလှည့် လုပ်မိတော့ ကမ်းခြေ ဆီက မြင်လိုက်ရသော အလင်းတစ်ခု။သူ့ဆီကို လာနေပြီ။

  " ဟာ ငါ့ဆီ လာနေတာလား"
"ခလွမ်း"

     တံခါးမှန်လေး ကွဲကာ ပေါက်ထွက်ဝင်
လာသောအလင်းလေးက ဇု နှလုံးသားတည့်
တည့်သို့ ဝင်ရောက်သွာခဲ့၏။ ဇု ဘာဖြစ်မှန်း မသိတော့။တစ်စုံတစ်ခုကို လှမ်းကိုင်ဆုပ်မည် ကြံတော့လည်း ဇုသွဲ့ ကိုယ်လေးက လေပေါ် ပျံဝဲနေသည်။မျက်လုံးတွေပင် ပူစပ်လာမိသည်
အထိ။ဘာတွေ ဖြစ်လာပါလိမ့်။

ရင်ဘတ်က နှလုံးခုန်သံကို စမ်း ကြည့်မိတော့
ဇုသွဲ့ ရင်ခုန်သံကို စမ်း၍ မရတော့။

Love + Love [Normal Fiction]Where stories live. Discover now