ကျွန်းပေါ်တွင် ( Twins )

1.3K 109 36
                                    

2နှစ်ကျော်အကြာ
=============

Parisမြို့ရှိ အထပ်ပေါင်း70လောက်ရှိသည့်Le Burgundy Hotelရဲ့နှစ်100ပြည့်အထိန်းအမှတ်ပွဲ ။ လာသောပြင်သစ်သူဋေးများ၏ချမ်းသာမှုက ဇနီးဖိနပ်တွင်စိန်စီကာ ဒေါက်ကျိုးသွားရင်တောင် လှည့်မကြည့်ဘဲလွင့်ပစ်နိုင်သည်။ အထိန်းအမှတ်ပွဲဆိုလို့ ပိုက်ဆံရှိရင်ပီးရောဆိုပြီးဖိတ်တာမဟုတ် အများစုကရှယ်ယာဝင်များ ၊ပြိုင်ဘက်ကျိကျိတက်စီးပွားရေးလုပ်ငန်းရှင်များ ၊နိုင်ငံရေးသမားများ ၊မဖိတ်လျှင်စီးပွားရေးပြာကျသွားနိုင်သည့် ဆိုင်ရာပိုင်ရာများသာလျှင်တက်ရောက်သည် ။

" Hello..မင်းကိုတွေ့ဘူးပါတယ် "

မိုးသားအားလာနုတ်ဆက်သည့် အီတလီကရတနာကျောက်တွင်းပိုင်ရှင်ဖြစ်သည် ။

မိုးသား - ဘယ်သူများလဲလို့ သူဋေးကြီးSamuele Nicoပါလား မတွေ့ရတာကြာပြီနော်..

လက်ထောက်လုပ်တာ4နှစ်နီးပါးမို့ Englishလိုသွက်နေပြီဖြစ်သောမိုးသားက အပြုံးလေးဖြင့်နုတ်ဆက်လိုက်သည် ။

" လူမမှားဘူးပဲ ဒါနဲ့Wilsomသူဋေးရောမတွေ့ပါလား "

မိုးသား - လာပါလိပ်မယ် သိပ်မကြာတော့ပါဘူး..

" ဒါနဲ့ ဟိုတစ်လောကပြထားတဲ့ Blue Diamondကိုအကြောင်းမပြန်သေးဘူးနော် အဲ့ဒီ့ရတနာက ကမာပေါ်မှာငါ့စီအပြင်နောက်2နေရာပဲရှိတာ "

မိုးသား - ဟုတ်လား..

ပြုံးပြုံးလေးပဲဖော်လိုလိုက်ရင်း ဝိုင်လေးနုတ်ဖျားစိုစွတ်ယုံသောက်လိုက်သည် ။

" သိရသလောက် elizabethဘုရင်မကြီးရဲ့တောင်ဝှေးမှာတစ်ပွင့် နောက်တစ်ပွင့်က.. "

မိုးသား - အိမ်ကLilyလေးရဲ့ခေါင်းက သရဖူလေးမှာတစ်ပွင့်..

" ဟင်.. "

လူကြီးကြောင်သွားသည် ။ ပြီးမှ..

" Lilyလေးဆိုတာ ဟို 3မွှာထဲကအငယ်ဆုံး ကလေးမလေးကိုပြောတာလား? "

မိုးသားကပြုံး၍သာနေတော့ ။ ကျောက်တွင်းပိုင်ရှင်ကြီးနင်သွားသည် ။ ဒီလိုရတနာမျိုးကို အသက်2နှစ်ကျော်ကလေးမတစ်ဦးကို ကျောက်ဖြစ်ဖြစ် ခဲဖြစ်ဖြစ်ပေးထားသည်လား ။ ဒီနှစ်တွေထဲWilsomမိသားစုရဲ့ အရှိန်အဝါကကြောက်ဖို့ကောင်းလာသည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now