ကျွန်းပေါ်တွင် ( BirthDay )

989 95 17
                                    

အကျီကအရမ်းလှလွန်းသည် ။ အပြာရောင်နုနုကိုမှ ဇာအထပ်ထပ်ဖြင့် လက်ဖောင်းလေးဖြစ်သည် ။ အိမ်နေရင်းဝတ်ပြစ်ဖို့ရာ လှမျောစရာကောင်းသည် ။သို့သော်မဝတ်ပါကလဲ ထိုလူနဲ့ထပ်စကားများရမည် ။မင်းသစ်တွင်ရွေးချယ်စရာမရှိ ။

မင်းသစ် ကိုယ်လုံးပေါ်မှန်ကြီးအားကြည့်လိုက်သည် ။ ဗိုက်ကတစ်နေ့တခြားပိုပိုပူလာသည် ။ ကလေးတွေကထိန်းရခက်မခက်တော့မသိ ဗိုက်ထဲမှာတော့အင်မတန်အနေအေးသည် ။ 3ရက်နေလို့တစ်ခါမကန်ပါ ။

မင်းသစ် - နာမည်စဥ်းစားရအုံးမယ်..

ပြောမဲ့သာပြောတယ် မင်းသစ်သူတို့နာမည်တွေမပေးတက် ။ မြန်မာနာမည်ဆိုရင်တောင် စဥ်းစားရလက်လှမ်းမှီအုံးမည် ။ မြန်မာနာမည်လဲပေးလို့ရမည်မထင် ။

မင်းသစ် မျက်နှာနုနုအား မိတ်ကပ်ကိုကျွမ်းကျင်စွာလိမ်းချယ်လိုက်သည် ။ သင်ထားတာပင် ။ ချစ်ရသူနဲ့ပြန်မဆုံနိုင်တော့ပင်မဲ့ မွေးလာတဲ့ကလေးတွေကိုတော့ ပါပါးကရုပ်ဆိုးကြီးဟုမမြင်စေခြင် ။

make up ၊ skin care brandတွေပဲကောင်းတာလား မင်းသစ်ကပဲတစ်သွေးလှလာတာလားမပြောတက် ။ အရင်ကထက်အများကြီးကြည့်ကောင်းလာသည်ဟုထင်မိသည် ။

နုတ်ခမ်းနီဆိုးရင်း လက်ကရပ်သွားသည် ။ဆက်ပြင်နေလဲအဓိပါယ်မှမရှိဘဲ ။

မင်းသစ် - သကြားနံ့..

မင်းသစ်တံခါးကိုဖွင့်လိုက်ချိန် ပထမဆုံးမြင်ကွင်းထဲဝင်လာသည်ကတော့ လေပူဖောင်းအဖြူများ ဖဲကြိုးများ နှင်းဆီပန်းများ အိမ်မျက်နှာစာနှင့် လက်တန်းများတွင်ဆင်မြန်းထားသည်မှာ profashionalဆန်သည် ။ ဘာအတွက်ကြောင့် ဖန်တီးထားလဲမသိပေမဲ့ အရမ်းပင်လှလွန်းသည်ကြောင့် အိမ်မက်ကမ္ဘာထဲရောက်ရှိသွားသလိုထင်မိသည် ။

ဖြည်းဖြည်းချင်းစီ ဟိုငေးဒီငေးဆင်းလာရင်း အောက်တောင်မရောက်သေး လှေကားတစ်ဝက်မှာတင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့်မင်းသစ်မျက်လုံးပြူးသွားသည် ။

မင်းသစ် - ကိတ်မုန့်ကြီး..

အကြီးကြီးမှအကြီးကြီးပင် ။ လုံးပတ်3ပေအကျယ်အဝန်းဖြင့် အထပ်ထပ်မြင့်၍ သွားသောကိတ်မုန့်ကြီးမှာ အပေါ်ဆုံးထပ်ကအသေးဆုံးကိတ်အထပ်ဖြစ်ပေမဲ့ ထိုအထိ15ပေလောက် အသာလေးမြင့်သည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now