ဖာထေးထားတဲ့ ကောက်ရိုးမျှင်တွေကို
ထွန်ခြစ်နဲ့ အရင်ရှင်းလိုက်သည်။ ဘယ်လောက်
ကြာသွားတယ်မသိ။ မီးဖိုချောင်ဘက်ကနေ
အသံတဆာဆာနဲ့ အော်လေသော အချစ်ဦး
မိန်းကလေးအသံကြားမှ မသိမသာ ခိုးကြည့်
မိသည်။

ခါးသေးရင်ချီ အလှနဲ့ အစ်ကို့မရီး
ကျုပ်ချစ်သူ။

ကျုပ်ချစ်ရတဲ့သူ။
ကိုကျော်ရင် မင်းတော့ ကံကောင်းတာတွေ
ရပ်သင့်ပြီထင်တယ်။ တကယ်လို့များ
မရီးဘက်က အလံဖြူပြရင်တော့ ငါတော့
သိမ်းပိုက်မှာပဲ ကျော်ရင်ရေ။

'' ညီလေး ဟာလီ လာကွာ ထမင်းစားစို့''

''ဟာတော်ပြီ ကျုပ်စားခဲ့ပြီ''

''ဂွီဂွီဂွမ်ဂွမ် မြည်သံ အစ်ကို ကြားရပါတယ်
ငါ့ညီရ လာပါကွာ မင်း မရီးလက်ရာကိုလည်း
ကြွားချင်လို့''

ဇွတ်ခေါ်တော့လည်း ထိုင်စားလိုက်သည်။
ရွှန်းလဲ့သော မျက်ဝန်းတွေက သွပ်နေတဲ့
ထမင်းလုတ်ကိုတောင် ပြုတ်ကျစေသည်။

ခိုးကြည့်တာ မိသွားတော့ ပြုံးပြမိသည်။

''မြင်လား လှလေးပို ဦး ညီလေးက
အဲ့လိုပဲ အစတော့ မရင်းနှီးသေးရင်
သူ့လုပ်စာထိုင်စားနေသူကို ဘု ကြည့်
ကြည့်တတ်တဲ့ကောင်''

''ဟုတ်ပ တော်ပါသေးရဲ့
ကိုဟာလီရယ် လှလေးပိုက လူကြောက်
တတ်သူတော့၊ မခေါ်ချင်တောင် မျက်နှာကြီး
ရှစ်ခေါက်ချိုးကြီးနဲ့ မကြည့်ပါနဲ့တော်''

''ဟာ မဟုတ်တာ''

''ဒါဆို လှလေးပိုတို့ ခင်ခင်မင်မင်နေမယ်နော်''

''ဟုတ်ပြီ''

လှလေးပိုက အသံလေးကအစ
နူးညံ့သော စောင်းကြိုးတီးခတ်သံလှိုင်းလေး
လို ရွှေနားတော် ရွှင်ပြ ချိုအေးစေသပ။

''ဟာလီရေ ကိုကြီး ဟိုဘက် ထင်းတစ်ခေါက်
သွားတိုက်အုံးမယ် လှလေးပိုကို လုပ်လို့ရတာ
လေးတွေ ပြောပြထားပေးနော်''

''ဟုတ် စိတ်ချပါ ကိုကြီး''

တောမှာ နှစ်ယောက်ထဲ ရှိတော့
စိတ်ရူးက ဖောက်ချင်သလိုလို။
လေရူးကမှောက်ချင်သလိုလို။
ရင်ထဲမှာက အပူလုံးကြွကြွ။

Love + Love [Normal Fiction]Where stories live. Discover now