လက်ကို စုပ်တော့ အသည်းအိမ်ကို
မောင်းနဲ့ထုထောင်းခံနေရသလို
နေသားမကျသေးသော အိမ်ထောင်သည်
ဘဝအစလေးက ရင်ခုန်စရာတွေနဲ့
ပြည့်နှက်နေဆဲ။

''တောက်...''

ချစ်ရည်ပလူးထနေသော အတွဲကလေး
မကြားနိုင်လောက်တဲ့ တောက်ခေါက်သံ။

'' ကျော်ရင် ကျော်ရင် မင်းပဲ
အရာရာ ကံကောင်း အေး မင်းသေမှလည်း
အေးမှာ တောက်..... ဒီလိုမှန်းသိ
ရေခဲတုံးကောင်ကြီးကို မိန်းမပေးစားဖို့
မတိုက်တွန်းပါဘူး''

ဟာလီ တောကို ရောက်တာနဲ့ ဒေါသ
ထွက်ရတာအမှန်ပင်။ မနေ့ကလည်း
ရွာပြန်ရောက်တာနဲ့ ထန်းရည်အမူးသောက်။

''ဟေ့ကောင် ဟာလီရ ကွာ တစ်သက်နဲ့
တစ်ကိုယ် ဒီထန်းရည် ဒီတစ်ခါသောက်ဖူး
သလား အောက်မေ့ရတယ် လူသောက် သောက်
ပါ ဟ''

''မင်း သောက်ပါးစပ်ပိတ် ဆက်နိုင်''

''ကြမ်းလှချည်လား ဟာလီရ
ဒါနဲ့ နေပါအုံး ရွာထဲက ပြောတာတော့
မင်း မရီးလေးက အလှလေးဆို
နုနုထွတ်ထွတ်လေးဆို''

''မင်းမေ့သောက်ခွေးနဲ့မှ တဆိုဆိုနဲ့
ဘာဖြစ်နေသလဲ ဥဩ''

''မင်းဟာကလည်း ဘာလဲ အဲ့ရွာက
ရွာသူက မင်း နှာကြောင်တာကို ငြင်းလွှတ်
လိုက်လို့လား''

''ငါ လှလေးပိုကို ကြိုက်တယ်
လိုချင်တယ် ကွာ ကဲ ရှင်းပြီလား''

''သူမယားလိုချင် သူ့လင် လှံနဲ့ထိုးပေါ့ကွ''

''ဟေ့ကောင် ဥဩ မင်းပါးစပ်က
ခွေးစကား မထွက်နဲ့ ကိုကျော်ရင်က
ဟာလီအစ်ကိုလေ ညီအစ်ကိုချင်း
သတ်စရာလား''

''အေး ဟုတ်သား ဘွာတေး ဘွာတေး''

''ဘာမှ မဘွာတေးနဲ့ ဥဩ ဟုတ်တယ်
မင်းပြောသလို သတ်မှ ရမယ် သတ်ပစ်မယ်
ဟားဟား ဟား''

''မလုပ်ကောင်းဘူးလေ ဟာလီရာ''

ဥဩနှုတ်ထွက်စကားအရ မမုန်းမိခဲ့တဲ့
အစ်ကိုပေါ် ​ ငြိုးလာမိတာအမှန်။

မမြင်ချင်တော့ တောလွယ် လွယ်အိတ်ကို
ခုံတန်းလျားပေါ်ချကာ ဖိုရှိရာဘက် လျှောက်
လာလိုက်သည်။

Love + Love [Normal Fiction]Where stories live. Discover now