ကျွန်းပေါ်တွင် ( Still in love )

Start from the beginning
                                    

ကုတင်ပေါ်ကဆင်း၍ ဖရိုဖရဲဖြစ်နေသည့် သူ့အဝတ်အစားသူပြန်ပြင်ဝတ်ကာ ဆံပင်များအား နှာဖူးထပ်ကျကျနနသပ်တင်သည် ။

ထို့နောက်မင်းသစ်ကို တစ်ချက်သာလှည့်ကြည့်ကာ ဘာမှမဆိုဘဲ ထွက်သွားလေသည် ။

တံခါးဂျက်ချသံကြားမှ မင်းသစ်စိတ်လုံးလုံးချနိုင်ကာ ကုတင်ပေါ်ပစ်လှဲလိုက်သည် ။ ဒီတစ်ကြိမ်တော့ ဒီလောက်နဲ့ပြီးသွားသည် ။

နောက်တစ်ကြိမ်ကဘယ်တော့လဲ.. ။

မင်းသစ်အတွေးနဲ့တင်ခြောက်ခြားလာသည် ။ ကလေးတွေ အောင်အောင်မြင်မြင်မွေးဖွားပြီးမှ ကျန်တာဆက်တွေးမည် ။ သို့သော် ဒီညတော့မင်းသစ် ကြောက်သွားသည်ကြောင့် အိပ်ပျော်တော့မည်မထင် ။မနက်မထဘဲတစ်နေကုန်အိပ်ရမည် မဟုတ်ပါက ခနွာကိုယ်အရမ်းထိခိုက်နိုင်သည်ကြောင့်ပင် ။

Aidenအခန်းမှထွက်လာခဲ့လိုက်သည် ။ လှေကားအဆင်း အမြင်အာရုံများကတရိပ်ရိပ် သူအများကြီးသောက်ခဲ့တာပင် ။

" ဘာစိတ်ကူးနဲ့ ဒီသနားစရာကောင်လေးကို ဒီအတွေးဝင်မိသွားတာလဲ "

နောက်နေ့ ပြန်တောင်းပန်ရမည် ။ နဂိုထဲက စိတ်ဒဏ်ရာအပြည့်နှင့်နှလုံးသားလေးမဟုတ်လား ။ ဒီလိုအသွေးသားနုနုမှာ ဒီလိုပုံမျိုးလုပ်ခဲ့တာ ကိုယ့်ဘာသာပြန်တွေးရင်ရှက်ဖို့ကောင်းသည် ။

အတွေးများစွာဝင်ရင်း လှေကားအကွေ့တစ်ခုရောက်သော် ဆက်ဆင်းလို့မရသော အရိပ်တစ်ခုကပိတ်ကာထားသည် ။

Aidenတစ်ချက်ပဲကြည့်ကာ ရှောင်ဖယ်သွားတော့မည်အလုပ် ။

မိုးသား - ဘယ်ပြောက်သွားတာလဲSir

နောက်ကနေလှမ်းမေးသည့် ထိုစကားကြောင့်Aidenခြေလှမ်းတွေရပ်တန့်သွားသည် ။

Aiden - fileတစ်ချို့သွားရှာတာ..

မိုးသား - Fileက အရင်Bossရဲ့မင်းသစ်အခုတည်းနေတဲ့အခန်းထဲမှာရှိတာလားSir

စကားလုံးများပြောက်ကွယ်သွားသည် ။

ထိုကောင်လေး Aidenရှေ့လာရပ်ကာ Aidenမျက်နှာအားစေ့စပ်စွာမော့ကြည့်လာရင်း ။

မိုးသား - ဒါမျိုးသွားလုပ်လို့မရဘူးဆိုတာ Sirမသိတာလား..

Aiden - ကိုယ်အချိန်မှီပြင်ဆင်နိုင်ခဲ့ပါတယ်

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now