ကျွန်းပေါ်တွင် ( Still in love )

1K 103 19
                                    

မင်းသစ်ဒီအနေအထားမှာ လွတ်ရုန်းလိုက်လို့မရပါ ။ ကလေးတွေက လစေ့တော့မည် တစ်ခုခုသာဆိုရင်ကွဲရမှာမင်းသစ်ပင် ။ သို့သော်ငြား Aidenကိုလက်ခံဖို့လဲမတွေးနိုင် ။

ဒီအခြေနေမှာနည်းတစ်ခုပဲရှိသည်

မင်းသစ် - ဟင့်..

ရုတ်တရက် မျက်ဝန်းများပိတ်ကာ ဝမ်းနည်းသည့်ပုံဖြစ်သွားတော့ အနဲငယ်ကြောင်သွားသည် ။

မင်းသစ် - တကယ်တောင်းပန်ပါတယ် ကျွန်တော် ဒီခနွာကိုယ်နဲ့တော့ မလုပ်လိုက်ပါနဲ့... ဒီကလေးတွေ ဒီအချိန်ထိကျန်းမာအောင် ကျွန်တော်ဘယ်လောက်စိတ်နှစ်ထားရလဲSirသိမှာပါ..

နာမ်စားများပါပြောင်းကာ သနားစဖွယ်အောက်ကျို့လာသည်ကြောင့် Aidenအတွေးတွေဝေဝါးစေသည် ။

မင်းသစ် - ဘယ်လောက်ပဲညှင်သာမယ်ပြောပြော အခုချိန်Bossတောင်းဆိုရင်တောင် ကျွန်တော်ညင်းမှာပါလိမ်မပြောပါဘူး...

ဒါတော့စိတ်ရင်းမှန်ဖြစ်သည် ။ စိတ်ရင်းအားပြောဆိုရာ၌ ခုနပုံစံမျိုးထင်တိုင်းကြဲရင် တစ်ဖက်သူနားထဲရောက်မှာမဟုတ် ။

မင်းသစ် - ဒါကြောင့် အခုတော့မလုပ်ပါနဲ့.. တကယ်အနူးညွန့်တောင်းပန်ပါတယ်..

ချုပ်ထားသည့်လက်များဖြည်ကျသွားတော့ အခွင့်ကောင်းယူကာ လက်အုပ်လေးချီ၍ အောက်ကျို့တောင်းပန်သည် ။

မင်းသစ် - Sirလိုခြင်ရင် အချိန်ခဏပဲစောင့်ပါ.. ကျွန်တော်ကတိပေးပါတယ် အခုတော့ဒီပုံကြီးနဲ့ဘယ်လိုမှမရလို့ပါ...

Aidenသည် JorDanလိုမဟုတ် သနားတက်သည် ။ စာနာတက်သည် ။ ဒါကြောင့်ပဲ မင်းသစ်ကဒီလိုအခွင့်ကောင်းယူတာဖြစ်သည် ။

လက်ထက်ပွဲတုန်းကလဲ မင်းသစ်ကိုBossထံခေါ်သွားပေးရင် လက်ထက်ပါမည် ​ပြောဘူးသည် ။ သူမေ့မည်မထင် ။ ကိုယ်ဝန်နဲ့စိတ်ကျရောဂါဖြစ်နေသည့် မင်းသစ်ကိုသနားတာကြောင့် အစမဖော်တာဖြစ်သည် ။

သူ့အကြည့်တွေရုတ်ချည်းပြောင်းသွားတာမြင်ရသည် ။ မင်းသစ်အပေါ်အားနာမိသလိုပုံစံမျိုး ။

သူမင်းသစ်အပေါ်ကခွာလိုက်သည် ။ သူ့မျက်ဝန်းတွေကမင်းသစ်ထံမှာမရှိ အောက်သို့ငိုက်နေသည် ။ သူ့ကိုယ်သူပြန်သုံးသပ်နေပုံရသည် ။ ဒီအချက်ကပဲ သူနဲ့Bossကိုအကြီးအကျယ်ခြားနားစေသည် ။ မင်းသစ်ချစ်တဲ့လူသည် မှားမှား မှန်မှန် လုပ်ခြင်ရင်လုပ်ပစ်သည် နောင်တတရားဆိုသည် သူ့ရာဇဝင်မှာမရှိ ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now