"ယွီပင်ကော အဆင်ပြေရဲ့လား "
"အာ...သခင်လေးကလည်းဒီလောက်ကတော့အဆင်ပြေပါတယ်"
ယွီပင်ရဲ့အဆင်ပြေပါတယ်ဆိုတဲ့စကားကိုကြားနေရပေမဲ့ရိပေါ်သူမြင်နေရတာကတော့ ခေါင်းကနေမေးအထိစီးကျနေတဲ့သွေးတွေ ပုခုံးကလည်းအတော်ရိုက်ခံထားရ၍ထင်ဝတ်ထားတဲ့ သာရေ အစစ်တွေနဲ့ ပြုလုပ်ထားတဲ့ နာမည်ကြီး brand အင်္ကျီမှာပြဲစုတ်နေပြီး နီရဲနေပြီး သွေးတောင်စို့နေတဲ့ ဒဏ်ရာတွေကိုတောင်မြင်နေရလေသည်။  ခြေထောက်ကလည်း ဖြတ်ရိုက်ခံထားရသေးသည်ထင် ဟန်ဆောင်ကာလျှောက်နေတာတောင် ထော့ကျိုးထော့ကျိုးနဲ့အနည်းငယ်ဖြစ်နေလေသည်။ ဒါတောင်စိုးရိမ်တကြီးသူ့ဆီပြေးလာနေသေးသည်။
ယွီပင် ဒီ‌လိုဖြစ်နေတာတောင် ရိပေါ် သူတွေးမိနေသည်မှာ တော်သေးတယ် ယွီကောနေရာမှာသာကိုကိုဖြစ်မနေလို့ဆိုပြီး အားမနာလျှာမကျိုးတွေးနေမိလို့သူ့မှာယွီကောကိုစိတ်ထဲမှအားနာနေမိလေသည်။
"ယွီကောကျနော့ကိုတွဲလေကော အားမနာပါနဲ့ "
"မဟုတ်တာရပါတယ် သခင်လေးရဲ့"
သူဘယ်ဘိုပြောပြောမရသည့်ယွီကောကြောင့်ကောနောက်ကပဲအသာကပ်လိုက်လာလိုက်တယ်။
"ဘုတ်!!!"
"အမလေး !!! တောင်ပန်ပါတယ် အဟင့်မသတ်ပါနဲ့မသတ်ပါနဲ့ "
"တမှူး!!!"
ယွီပင်လူတစ်ယောက်ကထောင့်အကွယ်ကနေအမြန်ပြေးလာပြီးသူ့ကိုလာတိုက်တဲ့သူကြောင့်လက်ထဲမှာရှိနေတဲ့သေနတ်နဲ့ထိုသူ့အားအမြန်ရှိန်လိုက်မိတယ်။  ဒါပေမဲ့သူမြင်လိုက်ရတာကတော့ ရန်သူမဟုတ်ပဲ ပါးတွေမှာလက်ရာတွေအကွင်းလိုက်နဲ့ဆံပင်တွေမှာရှုပ်ပွနေပြီး  ထိုင်လျက်သားလက်နှစ်ဖက်နဲ့အတင်းကာခါ မျက်လုံးစုံမှိတ်ပြီးအော်နေတဲ့ တမှူးအားတွေ့လိုက်ရတော့အံ့ဩသွာလေသည်။
တမှူးကအတော်ကြောက်နေသည်ထင် ။ သူ့ခေါ်လိုက်မှ မကြည့်ရဲကြည့်ရဲနဲ့ မျက်လုံးတစ်ဖက်ပဲဖြေးညှင်းစွာဖွင့်ပြီးကြည့်လာလေသည်။
"အဟင့်  ကော!!!ယွီကော"
သူ့ကိုမြင်လိုက်တော့ မှ ကလေးတစ်ယောက်လိုအော်ငိုပြီး  အတင်းသူ့လည်တိုင်ကိုသိုင်းဖက်လာလေသည်။