“ဘယ်သူက မင်းတို့ကိုခေါ်ထားလို့လဲ အားအားယားယားသူများအိမ်ကိုဘာလာလုပ်တာလဲ"

“အောင်မာ ငါတို့လဲမလာချင်ပါဘူး‌ မင်းလူက လာပါဦးဟဲ့ ကူပါဦးဟဲ့ဆိုလို့ လာကူပေးရတာ ဒီလိုနေ့မျိုးဆို ပိုတောင်မလာ‌ချင်သေး ဝေးသေး ဝေးသေး"

“ကပ်ကပ်ကိုလန်နေတာပဲ မိန်းမကြီးကြလို့"

ငေးရဲ့ တီးတိုးရေရွတ်သံကိုကြားသည်နှင့် တန်းအဆဲခံရသည်။ ငယ်ငယ်လေးကထဲက လည်ပင်းဖက်ပေါင်းလာသည့် သူငယ်ချင်းတွေမို့ နာစရာတော့ရှိမနေပေ။ ပြောသမျှက ပန်းနဲ့ပေါက်သလိုပဲ မျက်နှာပြောင်ပြောင်နဲ့ပဲ ဆက်ပြီး‌အခွက်ပြောင်နိုင်သေးတယ်။

“ဖေဖေ ဖေဖေ "

“အင်း ပြောလေသမီး"

“ဒယ်ဒီက သမီးတို့ကိုကျ ပန်းလဲ၀ယ်ပေးဘူး ဟင့် နော် ကိုကို နော်"

“......."

သူ့အကိုကိုပါ စစ်ကူခေါ်တော့ ဟိုကလဲ ခေါင်းတဆက်ဆက် ညိတ်ပြလေတယ်။

”ခုနကထဲက ဂျီကျနေတာ ငေးရေ နင့်သမီးက သူ့အတွက်မပါရလားဆိုပြီး သူ့ဒယ်ဒီကိုဆောင့်အောင့်ပြီး စိတ်ဆိုးနေတာများ ငါတို့ပါ မနေနိုင်လို့ မနည်းတောင်းပန်လိုက်ရတယ်"

”ဟုတ်လား သမီး ဖေဖေ့ဟာက သမီးဟာပဲလေ မဆိုးရဘူးနော် သွင်ကလေးက လိမ္မာတယ်"

“ဟင့် ဟုတ်"

”အဖေကိုပြန်တိုင်နေတာများနော် သွင်ကလေးခုနက ဒယ်ဒီ့ဆီက ဘာယူထားလဲ "

“ဘာမှယူဝူး "

“ဟုတ်လို့လား"

“ဟုတ်ပါတယ်ဆို"

သူ့အဖေကို မျက်ထောင့်နီနဲ့ကြည့်နေတာ ငေးကိုမပြောနဲ့ဆိုတဲ့ သဘော။ ဘေးနားက လူကြီးတွေကတော့ ချစ်စရာကောင်းတဲ့ ကောင်မလေးကိုကြည့်ကာ ရယ်နေကြသည်။ လင်းသွင်လေးကတော့ သူ့ရဲ့ပုံစံလေးအတိုင်း ငြိမ်လို့နေသည်။

"သားသား ညီမလေးကတစ်ခုခုယူထားတာလား ဒယ်ဒီ့ဆီက "

“အင်"
သူ့ကိုလှမ်းမေးလိုက်တော့ မျက်‌လုံးလေးထောင့်ကပ်ကာ အနည်းမျှစဉ်းစားလိုက်သေးသည်။

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Aug 08, 2023 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Opowieści tętniące życiem. Odkryj je teraz