အပိုင်း ၉၇ / ၉၈ / ၉၉ / ၁၀၀

Start from the beginning
                                    

"မင်းငွေမက်တဲ့ကျွန်!"

ငွေမက်တဲ့ကျွန်လား?  လောဘကြီးတယ်လို့ သူထင်နေတာလား။

ဒါကိုကြားတော့ လဲ့ယောင်းယောင်း အနည်းငယ် ဒေါသထွက်သွားခဲ့ပြီး တစ်စက္ကန့်အကြာတွင် သူမ၏မျက်ဝန်းများသည် လိမ္မာပါးနပ်သော အရိပ်အယောင်ကို ထုတ်ဖော်လိုက်ကြသည်။  သူမကို ကောင်းကောင်းသိသူတွေကတော့ တစ်ယောက်ယောက် ကြေကွဲစရာအဖြစ်ဆိုးကို ခံရတော့မည်ဆိုတာ သိကြပါလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်း-

လဲ့ယောင်းယောင်းက နန်ကုန်းကျင်းရှီကို ပြုံးပြလိုက်သည်။  သို့သော်လည်း နန်ကုန်းကျင်းရှီ မျက်လုံးများတွင် သူမ အပြုံးသည် ဆိုးသွမ်းမှုများ ပြည့်နှက်နေသည်။  ဒါကိုမြင်တော့ ဦးရေပြား ထုံကျင်သွားတယ်။

သို့သော် သူတုံ့ပြန်ခြင်းမပြုမီတွင် လဲ့ယောင်းယောင်းက မင်းသား ၇ကို ပထမဆုံးအကြိမ်မြင်ဖူးသည့်အတိုင်း ရုတ်တရက် ရုတ်တရတ်ပြုမူခဲ့သည်။  သူမက သူ့အား လှည့်ပတ်လှည့်ပတ်ကာ ချက်ချင်းပင် “ဝါးးးးး။  ဒီအစေခံက မင်းသား ၇ ရဲ့ အသားအရေက ဒီလောက် ချောမွတ်နေတာကို သတိမထားမိခဲ့ဘူး။  အရမ်းဖြူပြီး နူးညံ့တယ်။  အပြစ်ကင်းစင်တယ်!  ဒီကျွန်​က မင်းသား ၇  သူ့အသားအရေကို ဘယ်လို​ဂရုစိုက်​​နေလဲ သိချင်​​နေပါပြီ"

လူတိုင်းက ချီးမွမ်းခြင်းကို နှစ်သက်ကြပါတယ်။  ယောက်ျားတွေကလည်း ခြွင်းချက်မဟုတ်ဘူး။

ထို့အပြင် နန်ကုန်းကျင်းရှီက ၎င်း၏ရုပ်ရည်ကို အရှက်မဲ့စွာ ထုတ်ဖော်ပြသရန် နှစ်သက်သူတစ်ဦးဖြစ်သည်။  ထို့ကြောင့် သူ့စိတ်က အနည်းငယ် ရှုပ်ထွေးနေသော်လည်း လဲ့ယောင်းယောင်း စကားများက သူ့အပေါ် လုံးလုံးလျားလျား သက်ရောက်မှုရှိခဲ့သည်။

ထို့ကြောင့်၊ နန်ကုန်းကျင်းရှီက သူ၏ခါးမှ ကျောက်စိမ်းယက်တောင်ကို ထုတ်ကာ ဂုဏ်ယူစွာ ခပ်နေပြီး သူ၏ထူးဆန်းသော ပင်ကိုယ်ဥာဏ်နှင့် *pa* ကို လျစ်လျူရှုလိုက်သည်။

"ဟားဟား!  ဒီမင်းသားလေးက သဘာဝအလှပါ။  ဒီမင်းသားက ဘယ်တော့မှ ပြုပြင်ထိန်းသိမ်းမှု မလုပ်ရဘူး!"

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now