“ငါအခုထိရွေးနေတုန်း။ငါ့တောင်းဆိုချက် အသေးစိတ်တွေက မြင့်လွန်းတယ်။အဓိကကတော့ Simonကို ဂရုစိုက်ဖို့ပဲ။နေရာထိုင်ခင်းကတော့ ရတယ်။ဒါပေမဲ့ တစ်ခုတည်းသော ခြွင်းချက်ကတော့ ဒုတိယထပ်က ကန့်သတ်ချက်တွေများတယ်”

“ကောင်းပြီ။ ငါမင်းကို အိမ်ဖော်ရှာဖို့နဲ့ ဒီကိစ္စကို မျက်ချည်မပြတ်စောင့်ကြည့်ခိုင်းထားတာ မင်းကိုအလုပ်ရှုပ်စေမိပြီ”

ကြည့်ရတာ သူက နာနီတစ်ယောက် ရှာနေတဲ့ပုံပဲ။

နေဦး! နာနီဆိုတော့…

နေရာထိုင်ခင်းလည်း ပါသေးတယ်ဆိုတော့…

သူမ သေချာစူးစိုက်နိုင်ရန်အတွက် နားပိုစွင့်ထားလိုက်သည့်အပြင် ဖုကျီဟွမ်းအနားသို့ ပိုတိုးကပ်သွားပြန်သည်။သူမက ခေါင်းကို အနားပိုတိုးလိုက်ပြီး ခိုးနားထောင်နေသည့်ပုံမပေါက်အောင်လည်း လုပ်နေပြန်သေးသည်။

ဖုကျီဟွမ်း မျက်လွှာချလိုက်သည့်အခါ သိသိသာသာခိုးနားထောင်နေသည့်သူကို ဖမ်းမိသွားတော့သည်။သူ မျက်ခုံးပင့်လိုက်ပြီး ဝမ်းရွမ်ကိုတော့လန့်အောင်မလုပ်ပေ။

အချိန်ကိုက်ပင် ဒါရိုက်ဘာက ဘရိတ်ကိုဆောင့်နင်းလိုက်တော့၏။

မူလတွင်တော့ ဝမ်းရွမ်ကဖုကျီဟွမ်းဘက် ခေါင်းစောင်းထားခြင်းဖြစ်သည်။ သို့သော်လည်း ရုတ်တရက် ဘရိတ်ဆောင့်အုပ်လိုက်သောကြောင့် ဝမ်းရွမ်၏ကိုယ်က ယိမ်းထိုးသွားကာ ကားမှန်ပြတင်းတည့်တည့်သို့ ရှေးရှုသွားတော့သည်။

*ဒုတ်*

ဖုကျီဟွမ်းက လက်မြောက်လိုက်ကာ ဝမ်းရွမ်ကိုယ်ဟန်မပျက်သွားအောင် သူမ၏နဖူးကိုလက်ဖြင့် ကာထားပေးလိုက်သည်။

သူ မျက်မှောင်ကြုံ့လိုက်ပြီး ဖုန်းချလိုက်၏။သူ ဝမ်းရွမ်ကို မေးငေါ့ကြည့်လိုက်ပြီး သူ့အသံတွင်လည်း အပြုံးတစ်စွန်းတစ်စတို့ ပါဝင်နေဟန်တူသည်။

“ခိုးနားထောင်နေတာလား”

ဖုကျီဟွမ်းက ဝမ်းရွမ်၏နဖူးကို အေးစက်စက်လက်ဖြင့် အသာအယာ ပြန်တွန်းလိုက်သော်လည်း ထိုအေးစိမ့်မှုတို့က ဝမ်းရွမ်၏ ပါးကိုအပူချိန်မလျော့စေပေ။

အလွန်အကျွံဆင်းရဲဟန်ဆောင်နေသော သူေဋ္ဌးမလေးWhere stories live. Discover now