Ch-6

107 9 0
                                    

Zawgyi
...
အပိုင်း-(၆) ကောင်းလိုက်တဲ့သရုပ်ဆောင်ချက်
....

ဖုကျီဟွမ်းက လက်ရုတ်လိုက်ပြီဖြစ်သော်လည်း ဝမ်းရွမ် ခုနက နောက်ဆုတ်လိုက်သောကြောင့် သူမ၏ကျောက သူ့ရင်ဘတ်နား ကပ်နေဆဲပင်ဖြစ်သည်။

လူနှစ်ယောက်၏ခန္ဓာကိုယ်ထိထားကြရာမှ ထွက်ပေါ်လာသောအပူသည် ပျံ့လွှင့်လာပြီး ဝမ်းရွမ်မျက်နှာကို အနည်းငယ်ရဲလာစေ၏။

မုန်းလိုက်တာ!

သေစေနိုင်တဲ့ဟော်မုန်းတွေပဲ!

“မင်းအခု ကောင်းကောင်းရပ်နိုင်ပြီလား”

ဝမ်းရွမ်: “…”
သေချာပေါက်ကို မရပ်နိုင်ဘူးပေါ့!

ဝမ်းရွမ်က ဖုကျီဟွမ်းကို အရည်လဲ့နေသော မျက်ဝန်းဖြင့် မော့ကြည့်လိုက်ပြီးနာကျင်မှုကို သည်းခံနေရသည့်ပုံစံလုပ်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် ခြေထောက်ယိုင်သွားသလိုတောင် ဟန်ဆောင်လိုက်သေး၏။

“ကြည့်ရတာ ကျွန်မခြေထောက် ခေါက်သွားတယ်ထင်တယ်။ကျွန်မ မတ်တပ်မရပ်နိုင်တော့ဘူး”

ဖုကျီဟွမ်းက မသိမသာမျက်မှောင်ကြုံ့လိုက်၏။
“သေချာလား”

ဝမ်းရွမ်က ခေါင်းပြုတ်ထွက်မတတ် ငြိမ့်ပြလိုက်သည်။
“အင်း အရမ်းကိုနာနေတာ”

လူကုန်ကူးသမားတို့က အခြေအနေမဟန်တော့သည်ကို သတိပြုမိသွားသည်။ သူ့အပေါင်းအပါတို့နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ဘောင်းဘီကိုဖုတ်ဖတ်ခါလိုက်ကာ ထွက်ပြေးရန်လုပ်တော့သည်။

သို့သော်လည်း ဝမ်းရွမ်က သူတို့၏လှုပ်ရှားမှုကို မျက်လုံးထောင့်စွန်းမှ မြင်လိုက်ရသည်။

ထွက်ပြေးမလို့ပေါ့!

နင်တို့ဘယ်လိုများ ထွက်ပြေးနိုင်မှာမို့လို့လဲ!

သူမက အနိုင်ကျင့်ခံရသည့်မျက်နှာဖုံးကို ချက်ချင်းပင်ဖယ်ခွါလိုက်ကာ မတ်မတ်ရပ်လိုက်၏။ လျင်မြန်သောတုံ့ပြန်ခြင်းနှင့်အတူ သူမက ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်ပြီး ထိုလူကုန်ကူးသမား၏အင်္ကျီစကို ဆောင့်ဆွဲပစ်လိုက်သည်။

အလွန်အကျွံဆင်းရဲဟန်ဆောင်နေသော သူေဋ္ဌးမလေးWhere stories live. Discover now