Ch-3

383 48 0
                                    

Unicode

အလွန်အကျွံဆင်းရဲဟန်ဆောင်နေသော သူဋ္ဌေးမလေး
အပိုင်း-၃
....

မိုးက သည်းသည်ထက်သည်းလာ၏။ လမ်း၏ခပ်ကြမ်းကြမ်းမျက်နှာပြင်တို့ကရေလျှံနေပြီး ကားဘီးကြောင့် လွှင့်စင်လာသည့် ရေမှုန်ရေမွှားတို့တွင် ရွှံ့စတို့ကပါလာသည်။

လိမ္မာရေးခြားရှိတယ်?

ဖုကျီဟွမ်းက ဘားထဲတွင်ရှိနေသော သူ့သတို့သမီးလောင်ဆိုသူကို ပြန်တွေးကြည့်လိုက်သည်။ လျှာစောင်းထက်ပြီး သနားညှာတာမှု မရှိသည့်မိန်းမ။ လူတစ်ယောက်ကို ပြောစရာစကားမဲ့သွားသည်အထိ လုပ်လိုက်နိုင်သည်။

တကယ်ကို လိမ္မာရေးခြားရှိလွန်းတယ်။

ဤအချိန်တွင်ကားပါကင်၌ ကားအများကြီးကဝင်လိုက်ထွက်လိုက်လုပ်နေကြသည်။ ငါးမိနစ်မှခြောက်မိနစ်အထိ ဖုမင်ဟန်က ကားပါကင်ထွက်ပေါက်တွင်သာ ပိတ်မိနေလေသည်။

ထိုအချိန်တွင် ရင်းနှီးနေသောအသံတစ်ခုက ဖုကျီဟွမ်းနောက်မှ ထွက်လာ၏။ ကြည်လင်ပြီးပြတ်သားနေသော လှပသည့်အသံတစ်ခုက သူ့ကို မျက်မှောင်ကြုံ့သွားစေသည်။

“ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ။ ချောမောတဲ့အဆိုတော်တစ်ယောက်က ဒီနေ့ဟိုင်လွင်ဘားမှာ သီချင်းလာဆိုမယ်လို့ ငါကြားထားတာ။ ဒါကြောင့် ပျော်ဖို့လာခဲ့တာလေ။ငါ့ရဲ့ အပေါစားသတို့သားလောင်းရဲ့နာမည်ကို ကြားရမယ်လို့ ဘယ်သူကထင်ထားမှာလဲ။ချီးပဲ”

ဝမ်းရွမ်က သူမ၏သတို့သားလောင်းဆိုသူကို အပြောကောင်းပြီး လျှာနှစ်ခွနှင့်လူဖြစ်သည်ဟု အပြစ်တင်ရှုံ့ချနေလေသည်။ထိုသတို့သားလောင်းလေးက သူမနှင့်မီတာအနည်းငယ်အကွာတွင်ဗုဒ္ဓရုပ်ပွါးတော်ကဲ့သို့ ထူးမခြားနားရပ်နေသည်ကိုတော့ မသိချေ။

တကယ်တော့ အရင်သတို့သားလောင်းဟု ခေါ်သင့်သည်။
လွန်ခဲ့သောရက်အနည်းငယ်တွင် ဝမ်းရွမ်ကပြဿနာနှင့်ကြုံခဲ့ရပြီး ဖုကျီဟွမ်း၏ သူမနှင့်တွေ့ဆုံဖို့ငြင်းပယ်ခဲ့ခြင်းက သူတို့၏ စေ့စပ်ပွဲကို လုံးဝပြီးဆုံးသွားစေပြီဖြစ်သည်။

အလွန်အကျွံဆင်းရဲဟန်ဆောင်နေသော သူေဋ္ဌးမလေးWhere stories live. Discover now