Intro

2.3K 99 2
                                    

Unicode

မိသားစုကစီစဉ်ပေးသော စီးပွါးရေးဆန်သည့်လက်ထပ်ပွဲကို လက်မခံနိုင်တဲ့ အဖိုးတန်သူဌေးသမီးလေး-ဝမ်းရွမ်သည် 'ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမည်´ဟု ကြွေးကြော်၍ credit cards အထပ်လိုက်ကြီးကိုယူကာ အိမ်ပေါ်မှ ဆင်းချသွားလေ၏။

ကံမကောင်းစွာပင် သူမသည်ရထားပေါ်မှ ဆင်းလျှင်ဆင်းချင်း လူကုန်ကူးသည့်သူများနှင့် ပက်ပင်းတိုးမိသွားတော့သည်။

သို့သော်လည်း လူချောလေးတစ်ယောက်က သူမကိုကယ်တင်သွားလေ၏။ ကောင်ချောလေးများကို တမ်းတမ်းစွဲဖြစ်တတ်သည့် သူမအဖို့တော့ ထိုလူချော၏အလှတွင်နစ်မြောသွားလေပြီ။

သူမက ဆင်းရဲသည့်သူအဖြစ်ဟန်ဆောင်ပြီး ထိုလူချောလေးကိုတွယ်ကပ်ခဲ့ကာ ထိုလူချောလေးအိမ်သို့ကောက်ကောက်ပါအောင် လိုက်သွားတော့သည်။

“ကျွန်မက ကျေးလက်ဒေသကနေလာခဲ့တာပါ။ ကျွန်မကဆင်းရဲတယ်၊ အထီးကျန်ပြီး အကူအညီလည်းမဲ့နေတယ်။ ပြီးတော့ လူကုန်ကူးတဲ့သူတွေကလည်း ကျွန်မကိုမျက်လုံးဒေါက်ထောက်ကြည့်နေကြတာ။ ရှင်ကျွန်မကိုမောင်းထုတ်ရင် ကျွန်မ ရောင်းစားခံရမှာ ဟင့်”

ဖုကျီဟွမ်းက ဝမ်းရွမ်လွယ်ထားသော limited edition Hermesတံဆိပ် အနီရောင်လက်ကိုင်အိတ်ကို ကြည့်လိုက်ပြီး ပြောစရာစကားမဲ့သွားရ၏။
.
.
ဝမ်းရွမ်: ဒေါ်လာ ၅ထောင်တန်အင်္ကျီက ဈေးပေါတယ်လို့ ပြောလို့ရတယ်မဟုတ်ဘူးလား?။

ဝမ်းရွမ်: ကျွန်မဒီအပတ်ထဲမှာ နှစ်အိတ်ပဲဝယ်တာလေ…
နှစ်အိတ်တည်းပဲ!!။

⭐⭐⭐⭐

Zawgyi

မိသားစုကစီစဥ္ေပးေသာ စီးပြါးေရးဆန္သည့္လက္ထပ္ပြဲကို လက္မခံနိုင္တဲ့ အဖိုးတန္သူေဌးသမီးေလး-ဝမ္းရြမ္သည္ 'ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္နိုင္ရမည္´ဟု ေႂကြးေၾကာ္၍ credit cards အထပ္လိုက္ႀကီးကိုယူကာ အိမ္ေပၚမွ ဆင္းခ်သြားေလ၏။

ကံမေကာင္းစြာပင္ သူမသည္ရထားေပၚမွ ဆင္းလၽွင္ဆင္းခ်င္း လူကုန္ကူးသည့္သူမ်ားႏွင့္ ပက္ပင္းတိုးမိသြားေတာ့သည္။

သို့ေသာ္လည္း လူေခ်ာေလးတစ္ေယာက္က သူမကိုကယ္တင္သြားေလ၏။ ​ေကာင္ေခ်ာေလးမ်ားကို တမ္းတမ္းစြဲျဖစ္တတ္သည့္ သူမအဖို့ေတာ့ ထိုလူေခ်ာ၏အလွတြင္နစ္ေျမာသြားေလၿပီ။

သူမက ဆင္းရဲသည့္သူအျဖစ္ဟန္ေဆာင္ၿပီး ထိုလူေခ်ာေလးကိုတြယ္ကပ္ခဲ့ကာ ထိုလူေခ်ာေလးအိမ္သို့ေကာက္ေကာက္ပါေအာင္ လိုက္သြားေတာ့သည္။

“ကၽြန္မက ေက်းလက္ေဒသကေနလာခဲ့တာပါ။ ကၽြန္မကဆင္းရဲတယ္၊ အထီးက်န္ၿပီး အကူအညီလည္းမဲ့ေနတယ္။ ၿပီးေတာ့ လူကုန္ကူးတဲ့သူေတြကလည္း ကၽြန္မကိုမ်က္လုံးေဒါက္ေထာက္ၾကည့္ေနၾကတာ။ ရွင္ကၽြန္မကိုေမာင္းထုတ္ရင္ ကၽြန္မ ေရာင္းစားခံရမွာ ဟင့္​”

ဖုက်ီဟြမ္းက ဝမ္းရြမ္လြယ္ထားေသာ limited edition Hermesတံဆိပ္ အနီေရာင္လက္ကိုင္အိတ္ကို ၾကည့္လိုက္ၿပီး ေျပာစရာစကားမဲ့သြားရ၏။
.
.
ဝမ္းရြမ္: ေဒၚလာ ၅ေထာင္တန္အကၤ်ီက ေစ်းေပါတယ္လို့ ေျပာလို့ရတယ္မဟုတ္ဘူးလား?။

ဝမ္းရြမ္: ကၽြန္မဒီအပတ္ထဲမွာ ႏွစ္အိတ္ပဲဝယ္တာေလ…
ႏွစ္အိတ္တည္းပဲ!!။

⭐⭐⭐⭐

အလွန်အကျွံဆင်းရဲဟန်ဆောင်နေသော သူေဋ္ဌးမလေးWhere stories live. Discover now