Ch-7

155 17 1
                                    

Unicode
....
အပိုင်း-၇
.....
ဖုကျီဟွမ်းက ဖုမင်ဟန်၏မက်ဆေ့ကို ကြည့်လိုက်သည်။

သူသည်ကိစ္စကို သိပ်ပြီးစိတ်မပူချေ။ နှစ်ဖက်မိသားစု၏ သဘောထားအရ လက်ထပ်ပွဲဖျက်သိမ်းခြင်းက သူ့သံသယကို ကျော်လွန်နေပြီဖြစ်သောကြောင့်ပင်။

ဖုကျီဟွမ်း၏ အစီအစဉ်ထဲတွင်နူးညံ့သိမ်မွေ့ပြီး ဇီဇာကြောင်သော ပြဿနာအိုးမိန်းမငယ်လေးကို အဖော်ပြုပေးခြင်းက လုံးဝ မပါဝင်ချေ။

ရဲစခန်း၌တင်သွင်းချက်များ ပြုလုပ်ပြီးလျှင်တော့ သူတို့နှစ်ယောက်ကြား ထပ်မံပတ်သက်စရာအကြောင်း မရှိတော့ပေ။

ယခုအချိန်တွင် ဝမ်းရွမ်ကတော့ထိုင်မရပြုမရ ဖြစ်နေချေပြီ။

ဤသည်က သူမဘဝတွင်ကြုံတွေ့ခဲ့ဖူးသော အကြပ်တည်းဆုံးကိစ္စများထဲမှတစ်ခုဖြစ်လိမ့်မည်။

သူမ၏ အချစ်ကသူမဘေးနားတွင်ထိုင်နေပြီး သူ့တစ်ကိုယ်လုံးကလည်း သေစေနိုင်သည့်ဟော်မုန်းတို့ကို ထုတ်လွှတ်နေလေ၏။ သူထုတ်လွှတ်ထားသောဟော်မုန်းက လူတွေကို အနားမကပ်အောင်လုပ်ထားသည်မှန်သော်လည်း သူ့ဆွဲဆောင်မှုအားကတော့ မြင့်တက်နေဆဲပင်။

ယခုခေတ်၏အချစ်ဝတ္ထုများကို ဖတ်နေသည့်ဝမ်းရွမ်လို မိန်းကလေးအဖို့ သူမ၏ဗျူဟာကိုစတင်ရန်က အမှန်တကယ်ကို နည်းလမ်းမရှိပေ။

အထူးသဖြင့် သူမအားနည်းသလို ဟန်ဆောင်ခဲ့တုန်းက ပေါ်သွားပြီဖြစ်သည်။

ဝမ်းရွမ်လမ်းပျောက်နေစဉ်မှာပင် ဖုကျီဟွမ်း ဖုန်းပြောနေသည်ကို သူမရုတ်တရက်ကြားလိုက်ရ၏။

ဖုန်း၏ အခြားတစ်ဖက်မှလူက ဘာပြောနေသည်ကို သူမ မကြားရသော်လည်း ဖုကျီဟွမ်း ဖုန်းဖြေနေသည့်ပုံစံကိုကြည့်၍ သူမ ခန့်မှန်းကြည့်လို့ရပါသေးသည်။

“အင်း…ငါပြန်လာပြီ”

“ငါ မနက်ဖြန်သွားမှာ။ရဲစခန်းကိုလည်း သွားရဦးမယ်။မင်း ဒီနေ့ တာဝန်ကျလား”

“ရပါတယ်။ကြီးကြီးမားမားပြဿနာမှမဟုတ်တာ”

သူ ရဲစခန်းကိုသွားဖို့ အကြောင်း ဖြစ်နိုင်လိမ့်မည်။

အလွန်အကျွံဆင်းရဲဟန်ဆောင်နေသော သူေဋ္ဌးမလေးWhere stories live. Discover now