Ch-5

139 12 0
                                    

Unicode
...
“ဒါဆို နင်ကအိမ်ကနေ တကယ်ထွက်သွားတော့မှာပေါ့”
ချင်စုရှန်းက ဖုန်းထဲမှနေ၍ ပြန်မေးလိုက်သည်။

“ဟုတ်တယ်”

ဝမ်းရွမ်က ဖုန်းကို သူမ၏ခေါင်းနှင့်ပုခုံးကြားညပ်ထားပြီး သူမ၏လက်တို့ကတော့ လက်ဆွဲသေတ္တာကို သန့်ရှင်းရေး လုပ်နေလေ၏။ ထို့နောက်သူမက လှုံ့ဆော်မှုရှိလာနိုင်သော အမှတ်အသားဖြစ်သည့်ကြိုးကို လွှင့်ပစ်လိုက်သည်။

“တကယ်တော့ ငါ့မှာဒီအကြံက အရင်ကတည်းကရှိပြီးသား။တကယ်လို့ ငါကခုခံချင်တယ်ဆိုရင် ပထမဆုံးငါ့ရဲ့အခွင့်အရေးအတွက် ငါရပ်တည်ရမယ်”

ချင်စုရှန်းကတော့ လုံးဝကိုရင်ထဲထိသွားရသည်။
“ဥပမာအနေနဲ့?”

“ထုန်မြို့တော်ကနေ တိတ်တဆိတ်ပျောက်သွားပြီး လူတိုင်းက ငါပျောက်သွားပြီလို့ ထင်နေတဲ့အချိန်မှာ ငါက လျှို့လျှို့ဝှက်ဝှက်နဲ့အလုပ်ကြိုးစားမှာ။ နောက်သုံးနှစ်နေရင်တော့ ငါ့ရဲ့နောက်မှာ ရောင်ခြည်စက်ဝန်းတွေဖြာထွက်လာသလိုမျိုးနဲ့ ပြန်လာမှာ။အဲ့အချိန်ကျရင်ငါက သူများတွေရဲ့အမြင်မှာ အလှပန်းအိုးနဲ့တူတဲ့ မိန်းကလေးတစ်ယောက်မဟုတ်တော့ဘဲ လူထောင်ပေါင်းများစွာ လေးစားခြင်းခံရတဲ့သူဖြစ်လာမှာ”

ချင်စုရှန်းက ကြားဖြတ်ပြောလာ၏။

“နေဦး။နင့်ရဲ့စကားတွေက ရင်းနှီးနေတယ်လို့ ငါဘာလို့ ခံစားနေရတာပါလိမ့်”

“ဒါက အခုတလောပေါ်ပြူလာ ဖြစ်နေတဲ့ ‘ချမ်းသာတဲ့သမီးလေးရဲ့ အိမ်ပြန်လမ်း’ ဆိုတဲ့ ဝတ္ထုထဲမှာ ရေးထားတဲ့ဟာလေ”

ချင်စုရှန်းက ခဏမျှတော့ ငြိမ်သက်သွားသည်။ထို့နောက် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ အကျယ်ကြီး ရယ်လိုက်တော့၏။ ဖုန်း၏အခြားတစ်ဘက်တွင် သူမက ခဏ လဲလျောင်းလိုက်ပြီးနောက် ခေါင်းခါကာသက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ နင်က အလှပန်းအိုးလေးအဖြစ် အခေါ်ခံရမယ်လို့တော့ ငါမထင်ထားခဲ့ဘူး။ နင်တက္ကသိုလ်တက်တုန်းက နင့်ရဲ့အမှတ်တွေက အကောင်းဆုံးပဲလေ။ ပါမောက္ခစူးတောင် ထုန်မြို့တော်မှာ သူ့နေရာကိုအစားထိုးနိုင်မဲ့ အအောင်မြင်ဆုံးရှေ့နေတစ်ယောက် သေချာပေါက်ဖြစ်လာမယ်လို့ ပြောခဲ့တာ”

အလွန်အကျွံဆင်းရဲဟန်ဆောင်နေသော သူေဋ္ဌးမလေးOnde as histórias ganham vida. Descobre agora