ထို့နောက် သူမက လူကုန်ကူးသမား၏ဖင်ညှောင့်ရိုးကို အညှာအတာမရှိ ပိတ်ကန်ပစ်လိုက်၏။

*ကလွတ်*
အဆစ်လွဲသွားသည့်အသံက ကြွပ်ဆပ်ဆပ်နှင့်ထွက်ပေါ်လာတော့သည်။

ဘေးနားတွင် ရပ်ကြည့်နေသည့်လူအုပ်ကြီးကတော့ တရှူးရှူးတရှဲရှဲနှင့် ဖြစ်သွားကြ၏။

ကြည့်ရုံနဲ့တင် နာတယ်ဟ။

ဝမ်းရွမ်က လူကုန်ကူးသမားကိုဖိချလိုက်ပြီး သူမ၏ ဒူးဖြင့် ထိုလူ၏ ကျောကိုဖိထားသည်။ လက်တစ်ဖက်က ထိုလူ၏ဂုတ်ကိုဖမ်းညစ်ထားပြီး ဒေါသထွက်ထွက်ဖြင့် စကားများတရစပ်ထွက်လာတော့သည်။

“နင်က ဘာလို့ထွက်ပြေးတာလဲ”

“ဘယ်သူ့ကို အထက်တန်းကျောင်းသူလို့ခေါ်လိုက်တာလဲ”

“ဘယ်သူက ကျောင်းလခခိုးပြီး အပြင်ထွက်ကစားတာလဲ”

“ဘယ်သူကရထားစီးပြီး လိုင်းပေါ်က ရည်းစားနဲ့လာတွေ့တာလဲ”

“နင်က ငါ့ကိုသိက္ခာချမလို့လား”

“ဒီနေ့ နင့်ကိုရဲစခန်းခေါ်သွားပြီး ရဲတွေရှေ့မှာ ဒူးထောက်တောင်းပန် အော်ဟစ်ငိုယိုအောင်မလုပ်နိုင်ရင် ငါ ငါ့နာမည်ကို ပြောင်းပြန်ပဲ ရေးလိုက်တော့မယ်။ နင်က မိန်းမငယ်လေးတွေကို အနိုင်ကျင့်ပြီး မသမာမှုတွေကိုလုပ်နေတယ်ပေါ့”

“…”

ဝမ်းရွမ် လမ်းတစ်ဝက်လောက်ရောက်ခါမှ သူမ၏အနောက်ဘက်မှ အေးစက်စက်အကြည့်တို့ကို ခံစားမိသွားသည်။ထိုအရာက သူမနောက်ကျောကို ဓားနှင့်ထောက်ထားသလိုပင်။

သူမ ခေါင်းကိုခပ်တောင့်တောင့်နှင့် လှည့်ကြည့်လိုက်သည်။

ဖုကျီဟွမ်းကထိုနေရာတွင်ပင် ပျင်းတိပျင်းတွဲ ရပ်နေပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်ထိုးထည့်ထားကာ သူ့မျက်နှာပေါ်တွင်လည်း စာလုံးအချို့ရေးထားဟန်ပေါ်သည်။

”မင်းဘယ်လိုသရုပ်ဆောင်နေလဲဆိုတာ ငါသိချင်တယ်” ဆိုပြီးတော့ပေါ့။ ထို့နောက်သူ့မျက်လုံးတို့က ဝမ်းရွမ်၏ခြေကျင်းဝတ်ထံ ရောက်သွားသည်။

ခြေထောက်ခေါက်သွားတယ်?

“…”
ဝမ်းရွမ်တစ်ယောက် စိတ်ပျက်သွားတော့သည်။

အလွန်အကျွံဆင်းရဲဟန်ဆောင်နေသော သူေဋ္ဌးမလေးWhere stories live. Discover now