အပိုင်း ၉၃ / ၉၄

Start from the beginning
                                    

လဲ့ယေညင်းယောင်း သူမ၏အလုပ်များအားလုံးကို ပြီးမြောက်ပြီးချိန်ထိ လန်ဂျင်းယွိနဲ့ နန်ကုန်းကျင်းရှီတို့က လေ့လာဆဲဖြစ်သည်။  သူတို့ ဘယ်အချိန် ထွက်သွားမယ်ဆိုတာ သူမ မသိခဲ့ပါဘူး။

သူမငြီးငွေ့လာသောကြောင့် လဲ့ယောင်းယောင်းက ရှောင်မုဇီကို ရှာဖွေခဲ့သည်။

ထိုအချိန်တွင် ရှောင်မုဇီလည်း တစ်နေ့တာလုပ်စရာများကို ပြီးသွားခဲ့သည်။  လောလောဆယ်တော့ အရိပ်ရဖို့ သစ်ပင်အောက်မှာ ထိုင်နေတယ်။

ဒါကိုမြင်တော့ လဲ့ယောင်းယောင်းက ပြေးသွားပြီး သူ့ဘေးမှာ ပေါ့ပေါ့ပါးပါး ထိုင်လိုက်တယ်။  တခြားသူတွေပြောနေတာတွေကို သူမ မကြားချင်ပေ။

သို့သော်လည်း မြို့တော်တဝိုက်တွင် ဖြစ်ပျက်နေသည့် အခြားအရာများ ရှိသော်ငြားလည်း နှလုံး ခေါင်းစဉ်ကို မည်သူမျှ ရှောင်လွှဲ၍မရပေ။

လဲ့ယောင်းယောင်းက ထိုကဲ့သို့ စိတ်ပျက်ဖွယ်သတင်းကို မကြားချင်သောကြောင့် ရှောင်မုဇီနဲ့ အခြားတစ်နေရာကို သွားဖို့ ဆုံးဖြတ်ခဲ့သည်။  မထင်မှတ်ပဲ သူမထရပ်လိုက်ရင်း ဘေးမှရှောင်လီကျီစကားပြောနေတာကို ကြားလိုက်ရသည်။

"အိုက်ယား၊ မကြာခင်က အမျိုးသမီးငယ်တွေ သေဆုံးမှုများစွာ ရှိခဲ့ပြီး၊ အခုနှစ်မှာ ပင်ကိုယ်စွမ်းရည်ပြပွဲကို မကျင်းပတော့မှာကို ငါကြောက်တယ်။  ဒီအသက်ဝင်တဲ့ အဖြစ်အပျက်ကို ငါ စောင့်မျှော်နေခဲ့တာ။”

“သူတို့က လက်ခံကျင်းပမယ်လို့ မထင်ဘူး။  လက်ရှိတွင် အိမ်ထောင်မကျသေးတဲ့ သမီးရှိတဲ့ မိသားစုအားလုံးက သူတို့ကို လက်ထပ်​းေဖို့ အပြေးအလွှား လုပ်ကြတယ် ဒါမှမဟုတ် ချောင်ကျတဲ့ နေရာတွေမှာ ဝှက်ထားကြတယ်။  သူတို့သမီးတွေနောက်ထပ် သားကောင်တွေဖြစ်လာမှာကို စိုးရိမ်နေကြတယ်။”

“ဟုတ်တယ်။  မနေ့က အိမ်အလည်သွားတုန်းက အမေက အိမ်နီးနားချင်းရဲ့ သမီး အိမ်ထောင်ပြုတော့မယ်လို့ အမေက ပြောပြတယ်။  သူမက အခုနှစ်မှာ ဆယ့်သုံးနှစ်ပဲရှိသေးတယ်။  ဝမ်းနည်းစရာကောင်းတာက သူ့ကို မြို့တော်ရဲ့အနောက်ဘက်ခြမ်းက လူမိုက်နဲ့လက်ထပ်ဖို့ နှင်ထုတ်ခံရတော့မယ်လို့ ကျွန်မ ညီမလေးကို အမြဲစဉ်းစားခဲ့တယ်။  သူမရဲ့ အနာဂတ် တစ်ခုလုံး ပျက်သုဉ်းသွားပြီ…”

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now