Chapter-1 ကမ္ဘာပျက်ကပ်အတွင်းမှ စမ်းသပ်ခံ

6.4K 200 2
                                    

Chapter-1
ကမ္ဘာပျက်ကပ်အတွင်းမှ  စမ်းသပ်ခံ

2095 ကနေစတင်ပြီး ကမ္ဘာအတွင်းပိုင်း သံလိုက်စက်ကွင်းတွေဟာ စတင်ပျက်စီးလာခဲ့ပြီး ကမ္ဘာအပူချိန်ဟာလည်းအလွန်မြင့်တတ်လာခဲ့တယ်။ နောက်ပိုင်းမှာ အာ့တာကစတင်ပြီး ငလျင်တွေ ဆူနာမီတွေ
မြေပြိုမှုတွေနဲ့ ရေခဲအရေပျော်ခြင်းတွေစတဲ့ နောက်ဆက်တွဲ သဘာ၀ဘေးအန္တာရာယ် အများအပြားကို ဖြစ်ပေါ်စေခဲ့တယ်။

ကမ္ဘာမှာပြဿနာတွေ အများအပြားဖြစ်ပေါ်လာပြီးတော့ ပိုပြီးကြီးမားတဲ့ ဘေးအန္တာရာယ်တွေနဲ့လည်း ရင်ဆိုင်လာရတယ်။

နောက်ဆုံးမှာတော့ 2100 နှစ်သစ်ကူးအစပိုင်းမှာ ကမ္ဘာပျက်ကပ်စတင်ဖြစ်ပွားလာခဲ့တယ်။ လူ့အဖွဲ့အစည်းနဲ့ အာဏာရှင်တွေဟာ တစ်ညအတွင်း ပျက်စီးသွားခဲ့တယ်။ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ဒုက္ခသည်တွေကြားထဲမှာ သန္ဓေပြောင်းသူတွေပေါ်ပေါက်လာကြပြီး အာဏာရှင်အသစ်တွေလည်း ပေါ်ပေါက်လာကြတယ်။

အပင်တွေနဲ့တိရိစ္ဆာန်တွေဟာလည်း သန္ဓေပြောင်းလာခဲ့ကြတယ်။ တိရိစ္ဆာန်တွေနဲ့ အပင်တွေဟာ အရွယ်အစားတွေပြောင်းလဲလာပြီး ရန်လိုလာကြတယ်။ လူ့အဖွဲ့အစည်းဟာလည်း ပြိုကွဲပျက်စီးသွားခဲ့တယ်။ လွတ်မြောက်ခြင်းဆိုတဲ့စည်းမျဥ်းကကမ္ဘာကြီးကိုပျက်စီးစေခဲ့ပြီး ရုတ်တရက်ပြောင်းလဲစေခဲ့တယ်။

နိုးထလာတဲ့ စွမ်းအားရှင်တွေဟာတခြားသူတွေထက် သာလွန်ခဲ့ပြီး သာမာန်သူတွေဟာ ပိုပြီးကမ္ဘာပျက်တဲ့အခြေအနေနဲ့နေထိုင်နေရတယ် ။ ထိတ်လန့်စရာကောင်းပြီးရုပ်ဆိုးတဲ့ဇွန်ဘီတွေဟာလူတွေကို စားသောက်ခဲ့ပြီး အပင်တွေနဲ့ တိရစ္ဆာန်တွေဟာလည်း အကြောင်းမဲ့ တိုက်ခိုက်လာကြတယ်

ဘယ်လိုဘဲဖြစ်ဖြစ် မျိုးစိတ်အသစ်တွေဟာလည်း အစားအသောက်လိုအပ်တယ်လေ ။ သန္ဓေပြောင်းသွားတဲ့လူတွေဘဲဖြစ်ဖြစ် ဇွန်ဘီတွေ သန္ဓေပြောင်းအပင်တွေနဲ့ သန္ဓေပြောင်း တိရစ္ဆာန်တွေဟာလည်း အစားအသောက်လိုအပ်တယ်။ ဒါကြောင့် ရက်စက်ခြင်းနဲ့လုယူခြင်းဆိုတဲ့ ကဏ္ဍအသစ်တစ်ခုစတင်လာခဲ့တယ်။

လင်းရှင်းလန်ကအသက်26နှစ်ရှိပြီ ။ သူမကသာမာန်ရုံး၀န်ထမ်းတစ်ဦးသာဖြစ်ပြီး သာမန်မိသားစုကနေမွေးဖွားလာခဲ့တယ်။ သာမာန်မျက်နှာ သာမာန်ခန္ဓာကိုယ်နဲ့ သူမရဲ့အရာရာတိုင်းဟာသာမာန်ပါဘဲ။

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်Where stories live. Discover now