ကျွန်းပေါ်တွင် ( I can do this )

1K 93 21
                                    

အဲ့နေ့ကစပြီး Sophieဒေါသတွေက ဂျူဒိုက သင်တန်းဖော်တွေအပေါ်ပုံချရင်း ပုံချရင်း ဂျူဒိုပညာက Sophieရဲ့စိတ်ထွက်ပေါက်တစ်ခုလိုဖြစ်လာခဲ့ရာ ဘာမှန်းမသိလိုက်ခင်မှာပင် ပညာရှင်အဆင့်ရောက်သွားသည် ။

ဒီကြားထဲတော့ Sophie ထိုလူ့အနားယောင်လည်လည်သွားလုပ်တဲ့အခါတိုင်း မိမိဘာသာတပ်ခေါက်ပြန်ခဲ့ရသည် ။ အချိုးကိုမပြေ ။ လူ့စိတ်ကိုမြင်လွန်းသည့် ထိုလူကြောင့် Sophieဘာလိုခြင်လဲသိသိရက်နဲ့ အ ခြင်ယောင်ဆောင်နေသည်မို့ ကြာတော့မိန်းမဂုဏ်ကျသည်ဟုထင်မိသည် ။

အိမ်တော်မှာ Sophieသိသလောက် မြေအောက်လောက အလုပ်ကနေ့စဥ်အထပ်လိုက်ရှိသည် ။ Wilsomမျိုးရိုးသည် ဘုရင်ကလူသိရှင်ကြား ရှင်းမရသည့်ကိစ အဝဝကို နောက်ကွယ်ကနေ ရှင်းပေးရသည့် ဘုရင့်လူသတ်သမားတွေလို့ပြောရင်လဲမမှား ။

ဒါကြောင့် JorDanWilsomဆိုသည့်လူ ထိုအကြွေးရှင်3ယောက်ကို မျက်တောင်တစ်ခက်နှင့် ရှင်းနိုင်တာပင် ။ ပြသနာက ဒီမှာစသည်... အိမ်တော်က သား2ယောက်ရှိသည့်အနက် Sophieသိသလောက် အငယ်ကောင်က ဒီလောကနှင့်ဝေးဝေးရှောင်သည် ပြောရရင် လက်အားသွေးစွန်းမခံသည့်လူမျိုး ။ ဒါကြောင့် အခုဦးစီးနေသည်က JorDanဆိုသည့်လူပင် ။

ဒါပေမဲ့ Sophieကြားရသည့်စကားများအရ JorDanဆိုသည့်လူက သူလုပ်ခြင်ရာလုပ် သွားခြင်ရာသွား စိတ်ပါမှ အိမ်လှည့်လာသည့်လူမျိုးဆိုတော့ အိမ်တော်မှာ တာဝန်တွေကတောင်လိုပုံ၍ တိုင်ပတ်ရသည် ။

တစ်ခါတစ်လေဆို6လနေမှအိမ်ပြန်လာသည် ။ ဒါ့ကြောင့် သူ့ကိုအိမ်တော်က ဘယ်လိုမှမှီခိုလို့မရ... သနားစရာကောင်းသည်က ဘဏ္ဍာစိုးကြီးWeliပဲဖြစ်သည် ။ လတ်တလော အမှုတွေ အရေးကြီးပြဿနာများ သူကိုယ်တိုင်ပဲကြည့်လုပ်နေရသည် ။

ကြာတော့ သူတို့ကြား ဘဏ္ဍာစိုးWeliကိုမျက်နှာပူလာတာ Sophieပဲဖြစ်၍ အကူညီယူလိုယူငြား ပြောကြည့်ရာ..

Weli - မိန်းကလေးလောက် အိမ်က သခင်လေးကိုလဲနဲနဲလောက်လေးသိတက်စေခြင်လိုက်တာ.. အခုဆိုပြန်မလာတာ 2လရှိပြီ..

Sophie - ဒါကြောင့် ဟို.. နဲနဲလောက်လုပ်ကူစရာရှိရင် အားမနာတန်းပြောပါ..

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now