Chapter27(Unicode+Zawgyi)

Start from the beginning
                                    

'အရေးကြီးလို့ဆရာ.....က..ကလေး...'

'ဘာဖြစ်လဲ...?သားကိုစောနကဘဲမီးပြဖို့ခေါ်သွားတယ်လေ...'

'ဟုတ်တယ်...ခု...ခုကလေးကအသက်မရှူတော့လို့တဲ့...'

'ဘာ!!!'

'အဲ့တာကျွန‌်တော်...ကြားကြားချင်း...ဆရာ့ကို....'

'ဟာ....သား....သားငယ်....အင့်....'

'ဆရာ..စိတ်လျှော့ထားနော်..လာ..ကျွန်တော်နဲ့တူတူသွားရအောင်....'

'ရဝေ...ငါ့သားဘာမှဖြစ်လို့မရဘူးနော်.....အင့်.....ဟင့်.....'

'ဟုတ်ပါတယ်ဆရာရယ်...အငယ်လေးဘာမှမဖြစ်လောက်ပါဘူး.....'

ရဝေနဲ့မောင်အခန်းထဲကအလောတကြီးနဲ့ထွက်သွားချိန်မှာဘဲကုတင်ပေါ်မှာနှစ်ချိုက်စွာအိပ်မောကျနေတဲ့ကောင်လေးရဲ့လက်ကလေးတွေအနည်းငယ်လှုပ်လာတော့သည်.....

သားဆိုသူရဲ့အသံကိုကြားလိုက်တော့အမှောင်ကနေတဲ့ကျွန်တော့်ကမ္ဘာမှာပြတင်းပေါက်လေးတစ်ပေါက်ပွင့်လာတာကြောင့်ကျွန်တော်အားယူပြီးပြတင်းပေါက်စီပြေးနေမိသည်....

ကံဆိုးချင်တော့...ထိုပြတင်းတံခါးလေးကကျွန်တော်ခြေတစ်လှမ်းလှမ်းတိုင်းအဝေးကိုရောက်သွားတာပင်....

'အင့်...................'

ကျွန်တော်အလင်းရှိရာကိုအရောက်လှမ်းဖို့ကြိုးစားတိုင်းနောက်ကနေလိုက်လာတဲ့အရိပ်မဲတစ်စုကြောင့်ကျွန်တော့်မှာအသဲအသန်ကိုပြေးလွှားနေမိသည်......

'ဟင်း.....ဟင်း.....'

ထိုအချိန်မှာဘဲအချိန်ကိုက်ဆိုသလိုဆေးလာစစ်တဲ့ဆရာဝန်မလေးနဲ့ကြုံမိတဲ့ဝေး....

'ဟင်း...အင်း...'

'လူ...လူနာ...လူနာ...ဘာဖြစ်တာလဲဟင်.....?ဒီမှာရှင့်...လူနာ...အဆင်ပြေရဲ့လား..?'

အဆင်ပြေမပြေမသိပေမဲ့ကျွန်မရှေ့ကကောင်လေးကတော့နှုတ်ခမ်းတွေခပ်တင်းတင်းစေ့ရင်းမျက်လုံးစုံမှိတ်ကာလက်ကလဲအိပ်ယာခင်းစတွေကိုတင်းနေအောင်ဆွဲထားပြန်သည်...

အကြိမ်အနည်းငယ်လောက်လှုပ်နှိုးလိုက်တော့ပွင့်လာတဲ့မျက်ဝန်းနက်တွေကအားနည်းနေပေမဲ့ဆွဲဆောင်မှုရှိလှသည်...

Love  or hateWhere stories live. Discover now